
တရုတ်နိုင်ငံတွင် မေလ ၅ ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ် ၂ ခုရှိပြီး ရောဂါလက္ခဏာမပြဘဲရောဂါပိုးတွေ့ရှိသူ ၂၀ ရှိကြောင်း အမျိုးသားကျန်းမာရေးအာဏာပိုင်များ၏အချက်အလက်များမှတဆင့် မေလ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက အစောပိုင်းနေ့များတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ် ၁ ခုရှိပြီး ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးရှိပါသည်။ ကူးစက်ခံရမှု အသစ်နှစ်ခုသည် ပြည်ပခရီးမှတဆင့်ကူးစက်ခံခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုပေါင်း ၈၂,၈၈၃ ရှိပြီး သေဆုံးမှုမှာ ပြောင်းလဲမှုမရှိဘဲ ၄,၆၃၃ ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားခဲ့ပါသည်။

Source : channelnewsasia
China reports two new coronavirus cases, 20 new asymptomatic cases






0 comments:
Post a Comment