Tuesday, May 19, 2020

အစာစားချိန် ချွတ်ထားစရာမလိုသည့် နှာခေါင်းစည်း Mask အစ္စရေး တီထွင်

Image may contain: 1 person, sitting and indoor

အစာစားနေချိန်မှာ ချွတ်ထားစရာ မလိုတဲ့ နှာခေါင်းစည်း Mask တမျိုးကို အစ္စရေး တီထွင်သူတွေက ဖန်တီးလိုက်ပါတယ်။

စက်ဘီးစီးသူက ဟန်းဘရိတ် ဆွဲညှစ်သလို နှာခေါင်းစည်း တပ်ထားသူက ခလုတ်ကို ဖိပြီး နှာခေါင်းစည်း ရှေ့ပေါက်ကနေ အစာကို သွင်းယူရတာပါ။ ဒီနှာခေါင်းစည်းက ရေခဲမုန့်တို့၊ ငရုတ်ဆီတို့ဆိုရင်တော့ ပေကျံကုန်နိုင်ပါတယ်။ ဒါပေမဲ့ စားစရာ အမာဆိုရင် Pac-Man ဗွီဒီယိုဂိမ်းထဲကလို တခါတည်း မျိုချလိုက်ရုံပါပဲ။
“လက်နဲ့နှိပ်တဲ့အခါမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် နှာခေါင်းစည်းနား ခက်ရင်းကပ်လာတာ ဖြစ်ဖြစ်၊ နှာခေါင်းစည်းအပေါက် ပွင့်သွားလိမ့်မယ်”လို့ အပ်ဘ်တစ်ပစ်(စ်) တီထွင်လုပ်ငန်း ဒုဥက္ကဋ္ဌက ဆိုပါတယ်။
“စားပြီး သောက်ပြီးလို့ ခက်ရင်း ထုတ်လိုက်တာနဲ့ အပေါက်က ပိတ်သွားမယ်။ ဒီတော့ ကိုယ်ကို့ရော၊ အတူထိုင်နေသူတွေကိုပါ ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ပေးမယ်”လို့လည်း သူက ရှင်းပြပါတယ်။
အဲဒီနှာခေါင်းစည်းတွေကို လပိုင်းအတွင်း စထုတ်သွားဖို့ စီစဉ်နေပြီး မူပိုင်ခွင့် တင်ထားတယ်လို့လည်း အပ်ဘ်တစ်ပစ် (စ်)က ဆိုပါတယ်။
နှာခေါင်းစည်းတခုကို အစ္စရေး ငွေကြေး ၃ ရှက်ကယ်ကနေ ၁၀ ရှက်ကယ်အကြား ကနဦး ရောင်းချသွားမယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။
ဒါဟာ အမေရိကန်ဒေါ်လာ အားဖြင့် ၁ ဒေါ်လာနီးနီးကနေ ၃ ဒေါ်လာနီးနီး ပေးရမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Ref ; DVB

0 comments:

Post a Comment