
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ မြို့အထွက် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးမှုများဆောင်ရွက်လျက်ရှိစဉ် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်လင်မြို့မှ မိုင်းပွန်မြို့ဘက်သို့ မောင်းနှင်လာသည့် ဗွီဂို အမျိုးစား အဖြူရောင်မော်တော်ယာဉ်သည် စစ်ဆေးသည့်နေရာသို့မရောက်မီ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးမောင်းနှင်သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ လွိုင်လင်မြို့၏ အနောက်ဘက်မီတာ ၃၀၀ ခန့်အကွာတွင် မော်တော်ယာဉ်အား ရပ်တန့်လျက်တွေ့ရှိရသည်။
အဆိုပါမော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော အဝါရောင်တိပ်များဖြင့်ပတ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၃၂၀၀၀ ပြား (ကာလ တန်ဖိုးငွေကျပ်သိန်းပေါင်း ၇၃၀၀ ကျော်)အားသိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိမော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား လွိုင်လင်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ ကြောင်းသတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News






0 comments:
Post a Comment