သံဖြူဇရပ်မြို့နယ်၊အနင်းကျေးရွာတွင် ယနေ့(ဩဂုတ်လ၂ရက်)နေ့လည် ၁နာရီခန့်အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှူကြောင့် ဦးကျော်ထူး၏ ဆောက်လုပ်ဆဲနေအိမ်မှ မိုးသွပ်ပြား(၃၀)ချပ်အပါ အဝင် နေအိမ်(၁၁)အိမ်မှ အမိုးသွပ်ပြားစုစုပေါင်း(၁၀၅)ချပ် အမိုးလန်ပျက်စီးခဲ့ရသည်။
ယင်းဖြစ်စဉ်ကြောင့် တန်ဘိုးငွေကျပ်လေးသိန်းခုနှစ်သောင်းဘိုးခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်သေဆုံးထိခိုက်မှု မရှိကြောင်းသတင်းရရှိသည်။
သတင်းနှင့်ဓာတ်ပုံ- အေးအေးသီ(ပြန်/ဆက်)
0 comments:
Post a Comment