Tuesday, August 4, 2020

သိန္နီမြို့နယ်တွင် တရားမဝင်သိုဝှက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဩဂုတ်လ (၃)ရက်နေ့ ၊ (၁၈:၃၀) အချိန်ခန့်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု၊ လားရှိုးမြို့မှ တာဝန်ကျ ရေပူလှုပ်ရှားတပ်ဖွဲ့သည် သိန္နီ-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီး သိန္နီမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီး မှုးယစ်ဆေးဝါးတားဆီးနှိမ်နှင်းခြင်းလှုပ်ငန်းများဆောင်ရွက်နေစဉ် သတင်းအရ ကျောက်ပြုန်းတောင်အနီးတွင် မသင်္ကာဖွယ် ကားရပ်တန့်ထားသည့်နေရာအား သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာယာဉ်မောင်းမှာ ထွက်ပြေးတိမ်ရှောင်သွားသဖြင့် ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေခဲ့ရာ YGN- 3D/--------------Alphard (အနက်ရောင်) ယာဉ်၏ နောက်ခန်းမျက်နှာကျက်အတွင်း နှင့် ယာဉ်၏ အနောက်ဖက် စပယ်ယာဘီးထားသည့်နေရာတို့တွင် သိုဝှက်သယ်ဆောင်လာသည့် မောင်းပြန်ရိုင်ဖယ် စုစုပေါင်း(၁၀)လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ကျည်ပေါက် (၄၀)ခု (ကျည်မပါ)၊ နှင့် သေနတ်တိုက်တံဘူး (၆)ဘူး ရှာဖွေတွေ့ရှိခဲ့ပြီ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများအား သိုဝှက်သယ်ဆောင်လာသူအား(စိစစ်ဆဲ) တရားမဝင်လက်နက်/ခဲယမ်း ဥပဒေအရ သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Crd : ပိုင်စိုး(ပြန်/ဆက်) #Myanmar_Online_News

0 comments:

Post a Comment