Sunday, August 2, 2020

ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ခြင်းမှာ နိုင်ငံရေးဆိုင်ရာအချက်များကြောင့်မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူးကယ်ရီလမ်းမှ ခုခံပြောဆို

ဟောင်ကောင်အုပ်ချူပ်ရေးမှူးကယ်ရီလမ်းသည် မြို့တော်ဉပဒေပြုကောင်စီ (Legco) ဆိုင်ရာရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ပြီး သူမ၏ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာထည့်သွင်းစဉ်းစားရမည့်အချက်များမပါဝင်ဘဲ ကူးစက်ရောဂါပျံ့နှံ့မှု ကြောင့်သာဖြစ်ကြောင်းပြောကြားခဲ့ပြီး သူမ၏ဆုံးဖြတ်ချက်အပေါ် ခုခံပြောဆိုခဲ့ပါသည်။
မိမိတို့အနေဖြင့် ပြည်မကြီးနှင့် ပြည်ပတို့တွင်ထောင်နှင့်ချီသောပြည်သူများစွာ ရှိနေကြောင်း ခန့်မှန်းထားပြီး အကယ်၍ မိမိတို့အနေဖြင့် ကပ်ရောဂါဖြစ်ပွားနေသည့် ကြားမှ ရွေးကောက်ပွဲကို ဆက်လက်ကျင်းပမည်ဆိုလျှင် ကူးစက်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုများမြှင့်တက်လာနိုင်ပြီး ဟောင်ကောင်ပြည်သူ ၇ သန်းကျော်ကို ထိခိုက်စေနိုင် ကြောင်း သူမမှပြောကြားခဲ့ပါသည်။
ပြည်သူထက်ဝက်ကျော်သည် ရွေးကောက်ပွဲရွေ့ဆိုင်းခြင်းကို သဘောတူကြောင်း ၊သူမ၏ခိုင်မာသောဆုံး ဖြတ်ချက်အပေါ် ပြည်သူလူထုမှမြင်နိုင်မည်ကို ယုံကြည်ကြောင်း စစ်တမ်းများက ပြသခဲ့ပါသည်။ မူလကသတ်မှတ်ထားသည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်မည့် ဟောင်ကောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဒေသ၏ LegCo အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲကို ၁ နှစ်ရွေ့ဆိုင်းသွားမည်ဖြစ်ပါသည်။
ဟောင်ကောင်တွင် ဇူလိုင်လအစောပိုင်းမှစ၍ COVID-19 ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပါသည်။ ဇူလိုင်လ ၈ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့ကြားတွင် COVID-19 ရောဂါဖြစ်ပွားမှုမှာ ၁,၈၅၂ ရှိခဲ့ပြီး ယခင် ၆ လတာကာလ အတွင်းမှတ်တမ်းတင်ထားသော ဖြစ်ပွားမှုထက် ၁၄၀ ရာခိုင်နှုန်းခန့်တိုးလာခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment