ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ယာဉ်မောင်း စိုင်းသန်းထွန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျန်းမိန်မိန်း(ခ) ဝင်းနိုင်(ဘ)ကျန်းရီဆိုင်၊ မန်လွယ်ရွာ၊ ကွတ်ခိုင်မြို့နေသူလိုက်ပါလာသည့် ၁၀ ဘီး ဆီဘောက်ဆာယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေးဂိတ်သို့မရောက်မီ ယာဉ်အားရပ်တန့်၍ ယာဉ်မောင်းဖြစ်သူ စိုင်းသန်းထွန်းသည် ကားလမ်း၏တောင်ဘက် လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ဆင်းထွက်ပြေးသွားခဲ့သည်။
ယာဉ်အားစစ်ဆေးရာ ယာဉ်၏ဆီဘောက်ဆာအတွင်းမှ အိုက်စ် ၁၆၀၀ ကီလို ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံခန့်)ကို ယာဉ်နောက်လိုက် ကျန်းမိန်မိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်ဆီးရမိကျန်းမိန်မိန်း၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်အား ကာလိနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိသည်။
Source : တပ်မတော်
0 comments:
Post a Comment