ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လေးလကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ဆဒုံးလန်နရေတံခွန်ကို ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ဆဒုံးလန်နရေတံခွန် တာဝန်ခံဦးလွမ်းဒေါင်ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆဒုံးလန်နရေတံခွန်သည် ဝိုင်းမော်- ဆဒုံး-ကန်ပိုက်တီကားလမ်းဘေးတွင်တည်ရှိပြီး ဆဒုံးမြို့မှ မိုင် ၁၀ ကျော် ၊ဝိုင်းမော်မြို့မှ မိုင် ၃၀ ကျော်ကွာဝေးသည့် ခရီးသွားအပန်းဖြေလာရောက်ကြသည့် နေရာတစ်ခုဖြစ်ပြီး အဆိုပါ ရေတံခွန်သို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ရေတံခွန်အဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက် ဆေးခြင်း၊Mask တပ်ခြင်း၊ ခရီးသွားမှတ်တမ်းများရေးသွင်းခြင်းများဆောင်ရွက်ထားကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
၄ လကျော် ယာယီပိတ်ထားသော ကချင်ပြည်နယ်က ဆဒုံးလန်နရေတံခွန် ပြန်လည်ဖွင့်လှစ်
Monday, August 3, 2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လေးလကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ဆဒုံးလန်နရေတံခွန်ကို ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ဆဒုံးလန်နရေတံခွန် တာဝန်ခံဦးလွမ်းဒေါင်ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆဒုံးလန်နရေတံခွန်သည် ဝိုင်းမော်- ဆဒုံး-ကန်ပိုက်တီကားလမ်းဘေးတွင်တည်ရှိပြီး ဆဒုံးမြို့မှ မိုင် ၁၀ ကျော် ၊ဝိုင်းမော်မြို့မှ မိုင် ၃၀ ကျော်ကွာဝေးသည့် ခရီးသွားအပန်းဖြေလာရောက်ကြသည့် နေရာတစ်ခုဖြစ်ပြီး အဆိုပါ ရေတံခွန်သို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ရေတံခွန်အဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက် ဆေးခြင်း၊Mask တပ်ခြင်း၊ ခရီးသွားမှတ်တမ်းများရေးသွင်းခြင်းများဆောင်ရွက်ထားကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
0 comments:
Post a Comment