
ယနေ့ နံနက်ပိုင်းတွင် သရုပ်ဆောင်ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲနှင့် အနုပညာရှင်များ၊ စေတနာရှင်အလှူရှင်များကအမှတ် (၂) တပ်မတော်ဆေးရုံ(ကုတင်-၅၀၀) တွင် တက်ရောက်ကုသလျက်ရှိသော လူနာ (၃၅၀) နှင့် ဆရာဝန်၊ သူနာပြု၊ဝန်ထမ်း (၃၅၀) အတွက် နံနက်စာ ထမင်း၊ဟင်း အယောက် (၇၀၀) စာကို ယနေ့ လှူဒါန်းခဲ့သည်။
ထို့ပြင် လူနာများအတွက် ပုဆိုး(၃၅၀)၊ ဆပ်ပြာ(၃၅၀)၊ သွားတိုက်ဆေး (၃၅၀)၊ သွားတိုက်တံ (၃၅၀)၊ ဖိနပ်အရံ (၃၅၀)၊ အအေးနဲ့မုန့် (၃၅၀)၊ ဒိန်ချဉ် (၃၅၀) နှင့် တစ်ဦးလျှင် ထီလက်မှတ် ၂ စောင်နှုန်းဖြင့်အစောင် ၇၀၀ စောင်ကို လှူဒါန်းခဲ့ပါသည်။

Credit. မေတ္တာသင်္ဂဟ






0 comments:
Post a Comment