Sunday, August 2, 2020

ရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေ‌တောင်းဆို

အလုပ်သမားခုနှစ်ရာကျော်အတွက် လုပ်ခလစာရှင်းမပေးတဲ့ဂျာမနီနိူင်ငံသားကို တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လေးကြိမ်တိုင်လာရောက်ခြင်းမရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကိုတောင်းဆိုသွားမှာဖြစ်တယ်လို့အလုပ်သမားတွေက ပြောပါတယ်။
တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင်ဂျာမနီနိူင်ငံသား Mr Fronz Koller က အလုပ်သမား ခုနှစ်ရာကျော်ကို မတ်လနဲ့ ဧပြီလ အတွက် လစာရှင်းမပေးတာကြောင့် အလုပ်ရုံနဲ့ အလုပ် သ မားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှုး ကိုယ်တိုင် မေလ က စတင်တရားစွဲဆိုခဲ့တယ်လို့ တရားလိုပြ သက်သေ အလုပ်သမားခေါင်းဆောင် မခိုင်ဝေသင်း ကပြောပါတယ်။
"အလုပ်သမားတွေကတော့ မအားတဲ့ကြားထဲက ရုံးချိန်းခဏခဏသွားတယ်၊ အလုပ်ရှင်နိူင်ငံခြားသားက တစ်ခါမှ မလာဘူး အခုလာမဲ့ရုံးချိန်းမှာ ဖမ်းဝရမ်းထုတ်ပေးဖို့တောင်းဆိုသွားမယ်"လို့ မခိုင်ဝေသင်း က ပြောပါတယ်။
တောင်ဒဂုံမြို့နယ်တရားရုံးမှာ EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင် ဂျာမနီနိူငိငံသား Mr Fronz Koller အား အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရုံးဦးစီးဌာန ဦးစီးမှုးက အခကြေးငွေပေးချေနည်း ဥပဒေပုဒ်မ ၂၄ နဲ့ တရားစွဲဆိုခဲ့ပြီး လေးကြိမ်မြောက်ရုံးချိန်းအထိ အလုပ်ရှင်က မလာတာကြောင့် အလုပ်သမားများက ဒေါသဖြစ်ရပြီး လာမယ့် သြဂုတ်လ ၄ ရက်ရုံးချိန်းမှာဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုသွားမယ်လို့ လိုက်လံကူညီပေးနေသူ Labour Power Groupအဖွဲ့ ဥက္ကဌဦးကျော်မျိုးထွေးက ပြောပါတယ်။
"လှိုင်သာယာမှာ အလုပ်သမားတွေတရားစွဲခံရတာ ရုံးချိန်းမလာတော့ ဖမ်းဝရမ်းထုတ်တယ်။ Euro Gate အထည်ချုပ်ကိစွကျတော့ အလုပ်ရှင်ရုံးချိန်းမလာတာ ဖမ်းဝရမ်းမထုတ်ဘူး အလုပ်သမားတွေ ထိန်းထားရတယ် အခုလာမယ့်ရုံးချိန်းမှာ ဖမ်းဝရမ်းထုတ်ဖို့လုပ်သွားမှာပါ"လို့ ဦးကျော်မျိုးထွေး က ပြောပါတယ်။
လာမည့်ရုံးချိန်းကို အလုပ်သမားများက မြိူ့နယ်တရားသူကြီးကို မိမိပြောချင်တဲ့ စကားများပါရှိတဲ့ စာတန်းများကိုကိုင်ဆောင်ကာ နိူင်ငံခြားသားအလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရေးအတွက် လှုမှူကွန်ရက်စာမျက်နှာမှာ ကန်ပိန်းတွေပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သမားခေါင်းဆောင် မခိုင်ဝေသင်း ကပြောပါတယ်။
တောင်ဂုံမြို့နယ်တရားရုံးက ဆုံးဖြတ်ချက်ခံယူပြီးပါရင် အလုပ်ရှင်က အလုပ်သမားများကို နစ်နာကြေးမပေးနိုင်ရင် စက်ရုံမှာရှိတဲ့ပစွည်းတွေကို လေလံတင်ရောင်းချဖို့ ရည်ရွယ်ထားသောလည်း အလုပ်ရှင်က ပစွည်းများကို အကုန်ယူဆောင်သွားပြီလို့ မခိုင်ဝေသင်းက ရှင်းပြပါတယ်။
အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ EUROGate အထည်ချုပ်ပိုင်ရှင်အား တရားစွဲဆိုထားသော အခကြေးငွေပေးချေနည်းဥပဒေပုဒ်မ ၂၄မှာ ၂၀၁၆ ခုနှစ်တွင်ပြဌာန်းခဲ့ပြီးပြစိမှုထင်ရှားပါက သုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေသိန်းနှစ်ဆယ်ထက်မပိုသောငွေဒဏ်ဖြစ်စေချမှတ်ခံရမည်ဖြစ်ကြောင်း labourpower groupအဖွဲ့မှ ဥက္ကဌ ဦးကျော်မျိုးထွေးကပြောပါတယ်။
အလုပ်ရှင်ကို တရားစွဲဆိုခံထားရတဲ့ကိစွနှင့်ပါတ်သတ်ပြီး EURO Gate အထည်ချုပ်မှ HRမန်နေဂျာကို ဆက်သွယ်ပေမယ့် အဆက်သွယ်မရသေးပါဘူး။
တောင်ဒဂုံစက်မှုဇုန်ရှိ EURO Gateအထည်ချုပ်စက်ရုံသည်အလုပ်သမားခုနှစ်ရာကျော် မတ်လနှင့်ဧပြီလအတွက် လစာသိန်းတစ်ထောင်နီးပါးကို ပေးချေခြင်းမရှိသည့်အတွက် အလုပိရှင်မှာတရားစွဲဆိုခံထားရပြီး လက်ရှိအခြေအနေစက်ရုံမှာပိတ်သိမ်းထားကြောင်း အလုပ် သမားတွေဆီက သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment