
မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်း၊အကွက် အမှတ်(၅၉)၊ကျွန်းစိုက်ခင်းဟောင်းအတွင်း ဩဂုတ် ၁၅ ရက်က တောဆင်ရိုင်း(ဟိုင်းဆင်)တစ်ကောင် ဝင်ရောက်ေနကြောင်း ဒေသခံများ၏ ဆက်သွယ်သတင်းပေးမှုအရမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မျိုးေခါင်းေဆာင်ေသသစ်တော၀န်ထမ်းများ၊ သစ်တောရဲတပ်ကြပ်ကြီးရာဇာသူနှင့်တပ်ဖွဲ့၀င်များ၊အင်ပင်နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီး ကျော်၀င်းလှိုင်နှင့်တပ်ဖွဲ့ဝင်များ၊ဆင်အုပ် -ဦးဟန်ညွှန့် EERU(MTE)၊ဆင်ခေါင်း၊ဆင်ဦးစီးများနှင့် ကြိုးဝိုင်းအနီးမှ ဒေသခံ ပြည်သူများကစုပေါင်း ခြောက်လှန့်မောင်းထုတ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါတောဆင်ရိုင်းဝင်ရောက်မှုကြောင့် လူနှင့်အဆောက်အအုံများထိခိုက်ပျက်စီးမှုမရှိကြောင်း သိရပြီးအဆိုပါဒေသအနီးတဝိုက်တွင် နေထိုင်ကြသည့် ကျေးရွာပြည်သူများအား သတိပြုနေထိုင်ကြရန် သစ်တောဦးစီးဌာနက သတိပေးနှိုးဆော်ထားကြောင်းသိရသည်။




သတင်း - ထွန်းဇော်ထွန်း( ပြန်ဆက်)
Crd : TimeAyeyar






0 comments:
Post a Comment