Tuesday, August 4, 2020

အိန္ဒိယနိုင်ငံ ကတ်ရှမီးယားပြည်နယ်တွင် အာဏာသိမ်းသည့်နှစ်ပတ်လည်အခမ်းအနားမတိုင်မီ ညမထွက်ရအမိန့်ထုတ်ပြန်ကြေညာ

အိန္ဒိယနိုင်ငံသည် ပြန်လည်ထူထောင်ရေးဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းသည့် ပထမဆုံးနှစ်ပတ်လည်နေ့မတိုင်မီ ၂ ရက်အလိုတွင် အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆန္ဒပြမှုများ ရှိလာကြောင်း ဩဂုတ်လ ၃ ရက်နေ့တွင် တာဝန်ရှိသူများမှ ပြောကြားခဲ့ ပါသည်။
အဆိုပါကန့်သတ်မှုများသည် အစိုးရမှ အမိန့်စတင်ထုတ်ပြန်သည့်အချိန်မှစ၍ ချက်ချင်းသက်ရောက်မှုရှိမည်ဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့ထိ အာဏာ တည်နေမည်ဖြစ်ပြီး လုံးဝညမထွက်ရအမိန့်သည် ကတ်ရှ်မီးယားဒေသအားလုံးအပေါ်တွင် သက် ရောက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်းအရာရှိတစ်ဦးမှ AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အဆိုပါ လုံးဝညမထွက်ရအမိန့်သည် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများကို ဆောင်ရွက်နေရသည့် ရဲတပ်ဖွဲ့များနှင့် ကျန်းမာရေးဆိုင်ရာလုပ်သားများသာ သွားလာ ခွင့်ရှိမည်သာဖြစ်ပါသည်။
Himalayan ဒေသတွင် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကန့်သတ် ထားခဲ့ပြီး လူထုဆိုင်ရာလှုပ်ရှားမှုများကို လျေှာ့ချခဲ့ကာ ကိုရိုနာဗိုင်းရပ်စ်ပျံနှံ့မှုလျော့ချ ရန်အတွက် အဆိုပါကန့်သတ်မှုများ လုပ်ဆောင်ထားပြီးဖြစ်ပါသည်။
အမိန့်တွင် ဗိုင်းရပ်စ်ရောဂါကန့်သတ်ချက်ကို ဩဂုတ်လ ၈ ရက်နေ့ထိ တိုးမြှင့် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။အိန္ဒိယနိုင်ငံမှ အာဏာပိုင်များသည် လွန်ခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ကတ်ရှ်မီးယားဒေသတစ်ခုလုံးကို လုံးခြုံရေးတင်းကြပ်စွာ ချထားခဲ့ပါသည်။
Source : CNA
"India imposes curfew in Kashmir ahead of clampdown anniversary"

0 comments:

Post a Comment