Tuesday, August 4, 2020

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်စာနယ်ဇင်းသမားများအပေါ် ဖိအားပေးမှုများပြုလုပ်ပါက တရုတ်နိုင်ငံအနေဖြင့် လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Global Times သတင်းဌာနမှ ပြောကြား

အမေရိကန်နိုင်ငံတွင် အခြေပြုသည့် တရုတ်စာနယ်ဇင်းသမားများအား နိုင်ငံမှ ထွက်ခွာရန် အတင်းအကျပ်ဖိအားပေးမှုများ ပြုလုပ်ပါက တရုတ်နိုင်ငံအနေဖြင့် ဟောင်ကောင်ရှိ အမေရိကန်စာနယ်ဇင်းသမားများအပေါ် ပစ်မှတ်ထားခြင်းအပါအဝင် လက်တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Global Times သတင်း ဌာန၏ အယ်ဒီတာချုပ် Hu Xijin မှ ဩဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံဘက်မှ တရုတ်စာနယ်ဇင်းသမားများအား ဗီဇာသက်တမ်းတိုးပေးခြင်း မရှိသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် တရုတ်စာနယ်ဇင်းသမားများ အမေရိကန်မှ ထွက်ခွာရမည့်အဆိုးရွားဆုံး အခြေအနေများအတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်လာခဲ့ပါက တရုတ်နိုင်ငံအနေဖြင့် ဟောင်ကောင်တွင် အခြေပြုသည့် အမေရိကန်စာနယ်ဇင်းသမားများအပေါ် ပစ်မှတ်ထားခြင်း အပါအဝင် လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Hu Xijin မှ Twitter တွင် ဖော်ပြထားပါသည်။
Global Times သတင်းစာအား တရုတ်အာဏာရကွန်မြူနစ်ပါတီ၏ တရားဝင် သတင်းစာဖြစ်သော People’s Daily မှ ထုတ်ဝေပါသည်။ ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံပိုင် မီဒီယာအဖွဲ့ အစည်း ၄ ခု အား ဝါဒဖြန့်ချိရေးလုပ်ငန်းများအဖြစ် စွပ်စွဲရှုတ်ချခဲ့ပါသည်။ China Central Television ၊ China News Service ၊ People’s Daily နှင့် Global Times သတင်းဌာနများသည် အမေရိကန်နိုင်ငံရှိ မီဒီယာလုပ်ငန်းများထက် ပြည်ပမစ်ရှင်များ အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီလတွင် သတ်မှတ်ထားသည့် အခြားသော အဖွဲ့အစည်း ၅ ခုအား ထည့်သွင်းခဲ့ပါသည်။
အစောပိုင်းက သတ်မှတ်ထားသည့် အဖွဲ့အစည်း ၅ ခု ဖြစ်သော Xinhua news agency ၊ China Golbal Television Network ၊ China Radio International ၊ People’s Daily တို့သည် ၎င်းတို့အတွက် အလုပ်လုပ်ပေးနေသော တရုတ်နိုင်ငံသား ထက်ဝက်နီးပါးအား လျှော့ချရန် အမိန့်ပေးခြင်းခံခဲ့ရပါသည်။
တရုတ်နိုင်ငံဘက်မှလည်း New York Times ၊ Wall Street Journal နှင့် Washington Post သတင်းဌာနများအတွက် အလုပ်လုပ်ကိုင်နေသော အမေရိကန် နိုင်ငံသားများအား နှင်ထုတ်ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။
Source : Channel News Asia
“China will retaliate if Chinse journalists in US forced out: Global Times editor”

0 comments:

Post a Comment