
COVID-19 ကူးစက်ခံရသူ တစ်ဦးတွေ့ရှိခဲ့သည့် စစ်တွေမြို့ CB ဘဏ်ကို lock down ချပြီး ဘဏ်ဝန်ထမ်းများ အားလုံးကို ကွာရန်းတင်းစင်တာများသို့ပို့ဆောင်ထားကြောင်း ဦးအောင်ကျော်ဇံ(မင်းပြားနာရေးကူညီမှု အသင်း)က ပြောပါတယ်။
“ဘဏ်ကတော့ မြို့ထဲနဲ့အနီးဆုံးမှာပဲ။ ဒီနေ့မနက်တော့ ဆေးဖြန်းပြီး lock down ချလိုက်တယ်။ ဘဏ်ဝန်ထမ်း တွေတော့ စောင့်ကြည့်ကန့်သတ်တဲ့ စင်တာတွေကိုပို့လိုက်ပြီလို့သိရတယ်’’ဟု ၎င်းကပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် CB ဘဏ်မှ ဝန်ထမ်းဖြစ်သူသည် သြဂုတ်လအတွင်း ကျောက်ဖြူသို့ အပန်းဖြေခရီး ထွက်ခွာပြီးနောက် ပြည်တွင်းလေကြောင်းလိုင်းဖြင့်ပြန်လာခဲ့ကြောင်း၊ ၎င်းနောက် covid 19 ရောဂါလက္ခဏာများ ပြလာသဖြင့်ဆေးခန်းပြရာမှတဆင့် စောင့်ကြည့်လူနာဖြစ်ခဲ့ပြီးနောက် ပိုးတွေ့ရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါပိုးတွေ့လူနာသည် လက်ရှိအချိန်၌ စစ်တွေမြို့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူမှာလည်း ဖြစ်ပါတယ်။

Ref ; People Media






0 comments:
Post a Comment