COVID-19 ကာကွယ်ဆေးကို ဒီနှစ်အောက်တိုဘာလကနေစတင်ပြီး အများအပြား ထုတ် လုပ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေကို ဦးစားပေး ထိုးပေးသွားမယ်လို့ ရုရှားကျန်းမာရေးဝန်ကြီး မူရက်စ်ကိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံသတင်းအေဂျင်စီတွေက ရေးသားဖော်ပြခဲ့ပါတယ်။
ဂါမာလီယာအင်စတီကျူ့ကထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဟာ စမ်းသပ်မှု အောင်မြင်သွားပြီဖြစ်ပြီး မှတ်ပုံတင်လုပ်ငန်းတွေအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
စနေနေ့က ထုတ်ပြန်ချက်တွေအရ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၄၆၂ ဦး ထပ်မံတွေ့ရှိပြီး ကူးစက်ခံရသူ ပေါင်း ၈၄၅၄၄၃ ဦး ရှိလာပြီလို့ ဒွိုက်ရှ်ဝယ်လာသတင်းမှာ ဖော်ပြထားပါတယ်။
Ref ; The Standard Time Daily
0 comments:
Post a Comment