ABC သတင်းဌာန၏ စစ်တမ်းကောက်ယူမှုတစ်ခုအရ သမ္မတ ထရမ့်၏ COVID-19 ကပ်ရောဂါအပေါ် ကိုင်တွယ်ဖြေရှင်းမှုကို အမေရိကန်ပြည်သူအားလုံး၏ ၃၄ ရာခိုင်နှုန်းကသာလျှင် ထောက်ခံကြကြောင်းသိရသည်။
သောကြာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ စစ်တမ်းရလာဒ်များအရ သမ္မတထရမ့်၏ ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုကို အမေရိကန်ပြည်သူ အများစုက ကျေနပ်ထောက်ခံမှုမရှိကြောင်း၊ ထို့အပြင် ဂျော့ဖလွိုဒ် သေဆုံးမှုကြောင့် ဖြစ်ပွားလာခဲ့သည့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများကို ထရမ့်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုကိုလည်း ပြည်သူများက ကျေနပ်ထောက်ခံမှုမရှိကြောင်းသိရသည်။
ဆန္ဒပြမှုများဖြစ်ပွားနေသည့် မြို့များဆီသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းကြောင့် ယင်းဆန္ဒပြမှုများ ပိုမိုဆိုးရွားလာသည်ဟု အမေရိကန်ပြည်သူ ၅၂ ရာခိုင်နှုန်းက ယုံကြည်ကြကြောင်းကိုလည်း ယင်းစစ်တမ်းက ဖော်ပြထားသည်။
Ref ;Popular
0 comments:
Post a Comment