Tuesday, October 6, 2015

နောင်ငါးနှစ်တွင် မြို့ပြအုပ်ချုပ်ရေးကို အစိုးရ အုပ်ချုပ်ရေးစနစ်အစား ပြည်သူအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲမည်ဟု သမ္မတပြောကြား

နောင်လာမည့် ငါးနှစ် သက်တမ်းအတွင်း မြို့ပြအုပ်ချုပ် ရေးကို အစိုးရအုပ်ချုပ်ရေးစနစ် အစား ပြည်သူ့အုပ်ချုပ်ရေးစနစ် သို့ ပြောင်းလဲမည်ဖြစ်ပြီး ထိုသို့ ပြောင်းလဲနိုင်ရေးအတွက် အခြေ ခံဥပဒေပါပြဋ္ဌာန်းချက်အချို့ကို ဖြည့်စွက်ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။သမ္မတ၏ အဆိုပါပြောကြား ချက်သည် ရွေးကောက်ပွဲများနီး ကပ်လာပြီး အစိုးရအပြောင်းအလဲပြုလုပ်ရန် ငါးလခန့်သာ လိုတော့ သည့်အချိန်တွင် နောင်အစိုးရ သက်တမ်းအတွက် လက်ရှိသမ္မတ ကပင် ဆက်လက်ထမ်းဆောင် မည့်သဘောအဖြစ် အပိုင်တွက် ပြောကြားသည့် သဘော ဖြစ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့က ဝေဖန်ပြောကြား သည်။

အောက်တိုဘာ ၆ ရက်တွင် ပြည်တွင်း ရေဒီယို လိုင်းများမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ လစဉ်ပြောကြားသော ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြအုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည် သူများက ရွေးချယ်ပေးတဲ့ ပြည် သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့ စည်းတဲ့ Township Council,City Council များအဖြစ် ဖွဲ့စည်း ပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှု အစား ပြည်သူ့အုပ်ချုပ်မှုယန္တရား အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်း နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပ ဒေမှာ ဖြည့်စွက်ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်’’ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး မှာ မိမိတို့ ပြည်ထောင်စုအစိုးရ၏ တာဝန်မဟုတ်ဘဲ ပြည်ထောင်စု လွှတ်တော်က အဓိကလုပ်ဆောင် ရမည့် တာဝန်သာဖြစ်ကြောင်း ပြောကြားခဲ့သည့် သမ္မတဦးသိန်း စိန်သည် ယခုမိန့်ခွန်းတွင် အခြေ ခံဥပဒေကိုပြင်ဆင်မည်ဟု တရား ၀င်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြည်သူ့အုပ်ချုပ် ရေးယန္တရားအဖြစ် ပြောင်းလဲနိုင် မှသာလျှင် ပြည်သူများ၏ လူမှုစီး ပွားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း ဦးသိန်း စိန်က ပြောသည်။

တစ်နိုင်ငံလုံးသို့ ပြောကြား သော သမ္မတမိန့်ခွန်းတွင် ထိုကဲ့ သို့ နောက်သက်တမ်းအတွက် အပိုင်တွက်ချက်ပြောကြား ခြင်း သည် ရွေးကောက်ပွဲနီးကပ် သည့် ယခုကာလ၌ ကြောင်းကျိုး ဆီ လျော်မှုမရှိသည့် ပြောကြားချက် တစ်ခုပင်ဖြစ်ကြောင်း မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူ နိုင်ငံရေး ဆောင်းပါးရှင် ဒေါက်တာရန်မျိုး သိမ်းက ပြောသည်။

‘‘နောက်အစိုးရသက်တမ်း ဆိုတာ ရွေးကောက်ပွဲမှာ အနိုင်ရ တဲ့ ပါတီက ဖွဲ့စည်းရမှာအဲဒီအစိုး ရလက်ထက်မှာ လုပ်မယ့်ကိစ္စက နောက်အစိုးရ၊ အနိုင်ရပါတီက သူတို့ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ အညီ ဖော်ဆောင်ရမှာဖြစ်တယ်။ အဲဒါကို ဒီလိုပြောလိုက်တယ်ဆို တော့ ပြည်ခိုင်ဖြိုးပါတီက ဒီရွေး ကောက်ပွဲမှာ သေချာပေါက်နိုင် မယ်လို့ အပိုင်တွက်ပြီးပြောတာ လား။ သူကိုယ်တိုင် သမ္မတဖြစ်မှာ သေချာလို့ ပြောတာလားဆိုတာ စဉ်းစားစရာဖြစ်နေပြီ’’ဟု ဒေါက် တာ ရန်မျိုးသိမ်းက ပြောကြားသည်။

လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲဖြစ်လာရန် သံသယများဖြင့် စောင့်ကြည့်ခံရ သည့် ယခုအချိန်ကာလတွင် ပါတီကြီးတစ်ရပ်၏ ဥက္ကဋ္ဌအဖြစ် တရားဝင်ထုတ်ဖော် ကြေညာထား သူတစ်ဦးအနေဖြင့်လည်းကောင်း၊ နိုင်ငံဦးဆောင်သူတစ်ဦးအနေဖြင့် လည်းကောင်း ထိုသို့ ပြောကြားမှု ကြောင့် ပြည်သူများအကြား ဝေ ၀ါးမှုကို ဖြစ်စေနိုင်ကြောင်း လွှတ် တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

စက်တင်ဘာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် များကို အဓိကထားပြောကြားခဲ့ သည့် နိုင်ငံတော်သမ္မတ၏ ရေဒီ ယိုမိန့်ခွန်းတွင် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တ ရာယ်ခံရမှုမှ ပြန်လည်ထူထောင် ရေးကိစ္စ၊ တိုင်းပြည်တည်ဆောက် ရေးအတွက် အနုပညာရှင်များ၏ အခန်းကဏ္ဍ၊ မဲစာရင်းမှားယွင်းမှု များအတွက် ပူးပေါင်းဆောင်ရွက် ရေး စသည့်ကိစ္စရပ်များကို ထည့် သွင်းပြောကြားခဲ့သည်။

7Day Daily

0 comments:

Post a Comment