Thursday, October 15, 2015

မျက်မမြင်လမ်းလျှောက်ပွဲမှာ လုပ်အားပေးတဲ့ ထွန်းကိုကိုနဲ့ထားထက်ထက်


နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့အထိမ်း အမှတ်ပြုလုပ်ခဲ့သောမျက်မမြင် လမ်းလျှောက်ပွဲတွင် မော်ဒယ် ထွန်းကိုကိုနှင့် ထားထက်ထက်တို့ က စေတနာ့ဝန်ထမ်းအနေဖြင့် ပါဝင်ကူညီပေးခဲ့သည်။
ယင်းလမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၅ ရက်နံနက်က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၂၄ကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ် သည်။‘‘ပြီးခဲ့တဲ့နှစ်ကတော့ မလိုက်ဖြစ်ဘူး။ အဲဒီရှေ့နှစ်ကလိုက်ဖူး တယ်။ ဒီနှစ်က ဒုတိယအကြိမ်ပါ။ သူတို့သွားတဲ့နေရာမှာ အဆင်ပြေ အောင်လမ်းညွှန်ပေးတယ်။ လမ်း လျှောက်ရတာ အရမ်းအဝေးကြီး တော့မဟုတ်ပေမယ့် သူတို့နဲ့ စကားတွေပြောရင်းလျှောက်သွား တာဆိုတော့ ရောက်လို့ရောက် မှန်းမသိပါဘူး။ ပျော်ဖို့လည်း ကောင်းပါတယ်’’ဟု ထွန်းကိုကို ကပြောသည်။ထို့ပြင် လမ်းလျှောက်ပွဲတစ် လျှောက် အားပေးသူများကပေး သောမုန့်များ၊ ရေဘူးများကို လည်း ကူညီသယ်ဆောင်ပေးခဲ့ သည်ဟု ၎င်းကဆိုသည်။

ထို့အတူ ထားထက်ထက်က လည်း ‘‘မနှစ်ကလည်းလျှောက် ဖြစ်တယ်။ ဒီနှစ်လည်းလျှောက် ဖြစ်တယ်။ အမြင်အာရုံချို့တဲ့သူ တွေအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီပေးဖြစ်တာပါ။ ဒါပေမဲ့ သူတို့ကိုအများကြီးမကူညီ ရပါဘူး။ လမ်းမလျှောက်နိုင်တဲ့ ကလေးတွေကို တွဲပေးတယ်။ နောက်ပြီး အနားမှာဘာရှိတယ် ဆိုတာပြောပြပေးတယ်’’ ဟု ထားထက်ထက်ကပြောသည်။

ယင်းလမ်းလျှောက်ပွဲကို ဆူးလေပန်းခြံရှေ့မှစတင်ပြီး ထိုမှတစ်ဆင့် ကုန်သည်လမ်းအတိုင်း လမ်းလျှောက်ကာ ဘုန်းကြီးလမ်းမှ မဟာဗန္ဓုလလမ်းအတိုင်းပြန် လျှောက်၍ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။

7Day Daily

0 comments:

Post a Comment