Thursday, October 15, 2015

ကိုယ်အသက်ကြီးတာ ကိုယ်လက်ခံနိုင်ရမယ် - အေးမြတ်သူ


Q. “ငဘ” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ အေးမြတ်သူရဲ့ ခံ စားမှု...

A. ဒီရုပ်ရှင်မှာ သရုပ်ဆောင် ဦးကျော်သူ၊ မကြီးစိုးတို့နဲ့အတူ သရုပ်ဆောင်ရတယ်။ အဓိက ဦးကျော်သူဇာတ် အေးမြတ်သူက ဦးကျော်သူရဲ့သမီးနေရာက သရုပ် ဆောင်ရတယ်။ တကယ့်နာမည်ကြီး သရုပ်ဆောင်တွေနဲ့ နာမည်ကြီး စာအုပ်တစ်အုပ်ကို ပြန်ရိုက်ရတာဆိုတော့ အေးမြတ်သူ ရင်ခုန်ပါတယ်။ မကြီးရဲ့ သရုပ်ဆောင်မှုတွေကိုလည်း အေးမြတ်သူ အနီးကပ်လေ့လာခွင့်ရ တယ်။ မကြီးက လှတဲ့နေရာက သရုပ်ဆောင်မယ်ဆိုလည်း တကယ် လှနေအောင် သရုပ်ဆောင်နိုင်သလို ကြိုးတန်းလိုဇာတ်မျိုးမှာ လုံးဝ သဘာဝဆန်ဆန်သရုပ်ဆောင်ရမယ် ဆိုတော့လည်း တကယ်ကို ပီပီပြင် ပြင်သရုပ်ဆောင်နိုင်တယ်။Q. အေးမြတ်သူ အရင်ထက် စာရင် ခန္ဓာကိုယ်ကျစ်လျစ်ပြီး ပိုလှ နေသလားလို့။

A. အေးမြတ်သူ အားကစား လုပ်နေပါတယ်။ အသက်လည်း နည်းနည်းကြီးလာပြီလေ။ မိန်းမတွေ က အသက်ကြီးရင်ဝတဲ့အမျိုးကိုး။ ၀ရင် လက်ရှိအသက်ထက်ပိုကြီး တယ်ထင်ရတယ်။ အဓိကက အေး မြတ်သူ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း တဲ့သဘောပါ။ အေးမြတ်သူတို့ သရုပ်ဆောင်တွေဆိုတာ သိပ်ဝလွန်း ရင် ကိုယ့်ကိုကြည့်တဲ့ပရိသတ်တွေ စိတ်တိုင်းမကျဘူး။ အားမလိုအားမ ရဖြစ်တယ်ဆိုတာမျိုးမရှိအောင် ကျန်းမာရေးအတွက်လည်း အ ထောက်အကူဖြစ်အောင် အားက စားလုပ်ဖြစ်နေပါတယ်။ ဒါကြောင့် လည်း ကိုယ်ရည်စစ်ပြီး လှနေတာ ပါ။

Q. ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တော်တော် များများ ကိုယ့်အသက်ကြီးပြီလို့ ဖွင့် ပြောခဲတယ်။ အေးမြတ်သူကတော့ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီလို့ ဖွင့်ပြောတယ်နော်။

A. အေးမြတ်သူကတော့ အသက်ကြီးပြီဆိုတာကို သဘောကျ တယ်။ အသက်ကြီးတယ်ဆိုတဲ့သူ တစ်ယောက်က သူ့ရဲ့ဘ၀အတွေ့အကြုံရင့်ကျက်မှု တည်ငြိမ်မှုတွေ များလာမှ အသက်ကြီးလာတာ။ အသက်ငယ်ငယ်နဲ့တော့ အဲဒီအတွေ့အကြုံတွေမရဘူးလေ။ အချိန် တစ်ခုကိုပေးရပြီးမှ ဒီအချိန်ကို ရောက်လာတာဆိုတော့ အေးမြတ် သူက အဲဒါကို သဘောကျတယ်။ တည်ငြိမ်တဲ့အလှကို အေးမြတ်သူ ကြိုက်တယ်။ အဲဒီအတွက် အေး မြတ်သူ အသက်ကြီးတာကို လက်ခံ တယ်။ အဲဒါက ကိုယ့်စိတ်ပဲ။ ကိုယ့် အသက်ကြီးတာ ကိုယ်လက်ခံနိုင်ရ မယ်။ အဲဒါမှ အရွယ်နဲ့လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှုမျိုး ဆင်နိုင်မယ်။ လက်မခံနိုင်ဘဲ ကိုယ့်အသက်ကြီးကို မေ့ဖို့အတွက်လုပ်နေတာမျိုးက လူ့ လောကမှာ နေရတာကန့်လန့်ဖြစ် တတ်တယ်။ အေးမြတ်သူက ကိုယ် ရှိတဲ့အသက်အရွယ်ကို လက်ခံသလို

အဲဒီအရွယ်မှာဖြစ်သင့်ဖြစ်ထိုက်တာ အေးမြတ်သူ လုပ်တယ်။

Q. ဒါဆို ပရဟိတလုပ်ဖြစ်လာ တာရော အသက်အရွယ်ကြောင့် လား။

A. ဟုတ်လောက်တယ်။ ငယ် ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် လှချင်တာ။ ငါလှဖို့၊ ငါစားဖို့၊ ငါဝတ်ဖို့ ဆိုတာတွေများတယ်။ ဒီဘက် အေးမြတ်သူက ခုအသက် (၃၀)။ ၂၅၊ ၂၆ လောက်ရောက်တဲ့အခါ အေး မြတ်သူ စစဉ်းစားလာတယ်။ အလုပ် လုပ်ခဲ့တာလည်း မောပြီ။ အမြဲတမ်း ကိုယ့်အတွက်ကိုယ်ချည်းပဲ လုပ်လာ တယ်။ အခြေတကျလည်း ဖြစ်လာ တဲ့အခါကျတော့ သိလာတယ်။ အဓိကအငယ်တွေသင်ပေးတာပါပဲ။ ဒီလောကထဲရောက်လာတဲ့ ငျြ လေးတွေ၊ သရုပ်ဆောင်သစ်လေး တွေက ပရဟိတလုပ်ကြတယ်။ သူ တို့ကိုကြည့်ရင်း ပရဟိတအလုပ်တွေ လုပ်ချင်လာတယ်။ အေးမြတ်သူ သူ တို့အသက်အရွယ်တုန်းက ဒါတွေ လုပ်ရကောင်းမှန်းမသိခဲ့ဘူး။ လုပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ သူတို့ကိုကြည့်ရင်း မုဒိတာပွားလာတယ်။ လုပ်ချင်စိတ် တွေပေါ်လာတယ်။ ပရဟိတလုပ်ဖို့ အခြေအနေလေးတစ်ခုဖြစ်လာလို့ လည်း လုပ်ဖြစ်သွားတာပေါ့။


Q. ပရဟိတတွေလုပ်လာတဲ့ နောက်ပိုင်း အေးမြတ်သူရဲ့ ခံစားမှု။

A. စကားပြောတာကအစ ပရိသတ်ရဲ့ ချစ်ခင်ယုံကြည်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတည် ငြိမ်လာတယ်။


8days(10minutesInterview)/Olive

0 comments:

Post a Comment