Thursday, October 15, 2015

အချစ်ရေးကို တခမ်းတနား ကြီးမဖြေဖြစ်ဘူး... -- ယုသန္တာတင်


ဒရာမာရိုက်တဲ့အခါ ဇာတ်လမ်းအပေါ်မှာပဲ မူတည်ပါတယ်။ Scene ပေါ်မှာ ကိုယ်နဲ့အတူပါတဲ့ Senior အစ်ကိုတွေ၊ နောက်သရုပ် ဆောင်တွေ၊ ဒါရိုက်တာတွေရဲ့ သင် ပြပေးမှုနဲ့ပဲ အကောင်းဆုံးသရုပ် ဆောင်ပါတယ်။ ညီမလေးဖော်ယူ နိုက်တက်(သို့) မျောက်လေးကောင် ယူနိုက်တက်ကားဆိုလည်း မင်းသမီး တွေ အများကြီးပါတော့ အားပေး ကြတယ်။ ဇာတ်လမ်းဆိုတော့ ကိုယ် က သရုပ်ဆောင်တစ်ယောက်ဖြစ် တဲ့အတွက် ကိုယ်ကျတဲ့အခန်းက သရုပ်ဆောင်ရမှာပဲလေ။ အဲဒီလို လူ အများကြီးရိုက်တဲ့ကားနဲ့ မင်းသား၊ မင်းသမီးနှစ်ယောက်တည်းရိုက်တဲ့ ကားတွေဆို ဘယ်လိုကွာခြားချက်ရှိ လဲဆိုတော့ ]]တစ်ခါတလေကြတော့ တစ်ယောက်တည်းရိုက်တဲ့ကားတွေ ကြတော့လည်း အရမ်းများလာရင် ပရိသတ်က ကြည့်ရတာထပ်တယ် လေ။ အဲဒီလိုအများနဲ့ရိုက်ရတဲ့ကား မျိုး တစ်ခါတလေရိုက်။ အဲဒီလိုတစ် ယောက်တည်းရိုက်တဲ့ကားမျိုးလေး ရိုက်။ တစ်လှည့်စီဆိုတော့ ကိုယ် လည်း သရုပ်ဆောင်ရတာ အဆင် ပြေတယ်။ ကြည့်ရတဲ့လူအတွက် လည်း အဆင်ပြေတယ်။ အချစ်ရေး နဲ့ပတ်သက်ပြီး ညီမလည်း လူငယ် ဆိုတော့ အချစ်ရေးကို စိတ်ဝင်စား ပါတယ်။ ဒါပေမဲ့ ညီမ အချစ်ရေးက အဲဒီလိုမျိုး လူတိုင်းစိတ်ဝင်စား လောက်အောင် ချပြရလောက်တဲ့ အခြေအနေမျိုးလည်း မဟုတ်ဘူး။ အဲဒါကြောင့်မို့ ညီမအချစ်ရေးကိုများ သောအားဖြင့် သိပ်ပြီးတော့ သူများ တွေလိုမျိုး တခမ်းတနားကြီးမဖြေ ဖြစ်တာပါ။


8days/M.H.K

0 comments:

Post a Comment