Thursday, October 15, 2015

မြင်းခြံမြို့နည်းပညာကောလိပ်ပင်မဆောင် မျက်နှာကြက်ပြိုကျမှုအတွက် ဆောက်ပေးသော ကုမ္ပဏီ ပြန်လည်လှူဒါန်းမည်

မြင်းခြံမြို့ရှိ အစိုးရ နည်းပညာကောလိပ် ပင်မဆောင် အမိုးမျက်နှာကြက် ပြိုကျပျက်စီး ခဲ့သဖြင့် အောက်တိုဘာ ၁၂ ရက် မှစတင်၍ ပြန်လည်ပြင်ဆင်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။မြင်းခြံနည်းပညာကောလိပ် ကို ၂၀၀၃ တွင် ဧဒင်ကုမ္ပဏီအုပ်စုက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ ဖေဖော်ဝါရီတွင် ဖွင့်လှစ်ခဲ့သည်။ သို့သော် ၂၀၁၄ တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့၍ သံလွင်မဟာကုမ္ပဏီက ၂၀၁၄ တွင် ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။

ထို့ကြောင့် အောက်တိုဘာ ၉ ရက်တွင် မျက်နှာကြက်ပြိုကျခြင်းအတွက် ပျက်စီးသွားသည့်ကွန်ပျူတာမော်နီတာများကို ကျောင်းကို အဓိက တာဝန်ယူဆောက်လုပ်ခဲ့သည့် သံလွင်မဟာကုမ္ပဏီက ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၉ ရက်ည နေက မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုများကြောင့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့ရှိ အစိုးရ နည်းပညာကောလိပ်ပင်မဆောင် တတိယထပ်ရှိ ပေ (၃၀ × ၄၀) ကွန်ပျူတာခန်း၏မျက်နှာကြက် များ ပြိုကျခဲ့သည်။

ပြိုကျမှုကြောင့် လူထိခိုက် ဒဏ်ရာရမှုမရှိသော်လည်း အခန်း အတွင်းအသုံးပြုနေသည့် ကွန်ပျူ တာ ၂၁ လုံး၏ေ မ်ာနီတာများနှင့် စားပွဲခုံတစ်လုံး ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှသတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment