Thursday, October 15, 2015

အွန်လိုင်းတွင် နာမည်ကြီးနေတဲ့ ဗီယက်နမ်အလှမယ် မြန်မာနိုင်ငံမှာ ရုပ်ရှင်လာရိုက်မည်

ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေ

ဗီယမ်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ ကို မြန်မာနိုင်ငံရှိ Myanmar media 7 က မြန်မာနိုင်ငံမှာ အနု ပညာလှုပ်ရှားမှုများလုပ်ကိုင်ဖို့အတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။


မြန်မာ Media 7 မှ တာဝန်ရှိသူ ကိုဝေမင်းမောင်နှင့် ဗီယက်နမ်အလှမယ်

ဗီယမ်နမ်အလှမယ်နဲ့စာချုပ်ချုပ်ဆိုရခြင်းမှာ Myanmar media 7 အနေနဲ့ ယခင်က ထိုင်းနိုင်ငံရှိ မင်းသမီး ကရာဗီနဲ့ စာချုပ်ချုပ်ဆိုပြီး “ဘယ်လိုအချစ်မျိုးလဲ” ရုပ်ရှင်ကားမှာအောင်မြင်မှုရခဲ့ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းရိုက်ကူးမှုများလည်း ရှိလာခဲ့ပါတယ်။ နောက်ထပ်လည်း မြန်မာနဲ့ ဗီယမ်နမ် ပူးပေါင်းပြီး ရိုက်ကူးမှုများ ပြုလုပ်လိုတဲ့အတွက် မြန်မာနိုင်ငံရှိ ပရိသတ်များ အွန်လိုင်းမှာ သိရှိပြီးလည်းဖြစ်တဲ့ ဗီယမ်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေကို ရွေးချယ်ပြီး စာချုပ်ချုပ်ဖြစ်တာလို့ Myanmar media 7 က တာဝန်ရှိသူ ကိုဝေမင်းမောင်က ပြောပါတယ်။



ဗီယမ်နမ်အလှမယ်ကို ချိတ်ဆက်မှုနဲ့ ပတ်သက်လို့ ကိုဝေမင်းမောင်က “ကျနော်က ဗီယမ်နမ် မြန်မာ ချစ် ကြည်ရေး ကော်မတီအဖွဲ့အစည်းရဲ့ ဥက္ကဌကနေ တဆင့် သူကို ချိတ်ဆက်ခဲ့တာပါ။ သူတို့ကလည်း ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရေးလုပ်တဲ့အခါ လူသိအများဆုံးက အနုပညာပဲလေ ၊ အနုပညာနဲ့ မီဒီယာဆိုတာက အများဆုံး စိတ်ဝင်စားတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် အဲဒီအဖွဲ့အစည်း ဥက္ကဌရဲ့ တိုက်တွန်းမှုတွေနဲ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ခဲ့တယ်။ အလှမယ်ကလည်း ညှိနှိုင်းမှုမှာ လိုတာထက်ပို ပြီး ခက်ခဲခဲ့တာတွေ မရှိခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ အနုပညာလှုပ်ရှားမှုကိုလည်း သူ့အနေနဲ့ ကြိုက်သလိုလုပ်နိုင်တယ် ၊ကျနော်တို့က ကြားခံအနေနဲ့ အတိုင်ပင်ခံ ကုမ္ပဏီအနေနဲ့ ရပ်တည်တာပါ”လို့ ဧရာဝတီကို ပြောပြပါတယ်။



ဒါအပြင့် Myanmar media 7 အနေနဲ့ တနှစ်ကို ရုပ်ရှင်ကားကြီးတကားရိုက်ကူးမှာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဗီယမ်နမ်အလှမယ်လည်းပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဗီယမ်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေ ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်နေ့ ည ရန်ကုန်ကို ရောက်ရှိမှာဖြစ်ပြီး ၁၁ ရက်နေ့မနက်မှာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ကာ နေ့လည်မှာ မြန်မာမီဒီယာများနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ဗီယမ်နမ်နိုင်ငံကို ပြန်သွားမှာဖြစ်ပါတယ်။


ယုမွန်ကျော်
ဧရာဝတီ

0 comments:

Post a Comment