Wednesday, October 14, 2015

မကြာခင်မှာ ပိန်ပိန်လေးနဲ့ တွေ့ရမှာပါ - သွန်းဆက်


မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားမှာ ယောက်ျားကိုနိုင်တဲ့ မိန်းမ ဖြစ်သူနေရာကနေ ညီမကသရုပ် ဆောင်ထားတာပါ။ ပြီးတော့ တောသူမ ပုံစံ ကာရိုက်တာလေးဆိုတော့ ညီမသိပ်မရိုက်ဘူးတဲ့ ကာရိုက်တာပါ။ တောသူမပုံစံမျိုး ရှေ့မှာတစ် ကားပဲရိုက်ထားတာရှိတယ်။ အဲဒါကြောင့် အခက်အခဲတွေလည်းရှိပါတယ်။ညီမအနေနဲ့ အခုနောက်ပိုင်းမှာ မရိုက်ချင်တဲ့ကာရိုက်တာမျိုးမရှိပါဘူး။ ဒါပေမဲ့ ညီမ လုံးဝဗန့်ဆန်တဲ့ ကာရိုက်တာမျိုးမလုပ်ဖူးသေးပါဘူး။

ညီမရဲ့ ခန္ဓာကိုယ်ကတော့ အမြဲ တမ်းဝနေတာပါပဲ။ အပြင်မှာ ကြည့် ကောင်းပေမယ့် ဇာတ်ကားထဲ ရောက်ရင် ၀သွားရော။ အဲဒါကြောင့် အခုနောက်ပိုင်းမှာ Diet တွေသေချာလုပ်တယ်။ ခန္ဓာကိုယ်ကို ကိုယ်ရည်စစ်အောင်ကြိုးစားနေပါတယ်။ တော်တော်လေးပိန်အောင် ပြန်လုပ်နေတဲ့အတွက် မကြာခင်မှာ ပရိသတ်တွေအနေနဲ့ ညီမကို ပိန်ပိန်လေးနဲ့တွေ့ရမှာပါ။

ပြီးတော့ ညီမရဲ့ မျက်နှာက ပုံစံတစ် မျိုးဖြစ်နေတယ်ဆိုတာကလည်းတစ် ခုခုကိုပြင်ထားလို့ မဟုတ်ပါဘူး။ Cosmetic ပြောင်းသုံးလိုက်လို့ပါ။ အရင်သုံးနေကျ Cosmetic တွေမ သုံးတော့ဘူး။ အဲဒါကြောင့် မျက်နှာ ကပုံစံတစ်မျိုးဖြစ်နေတာပါ။

8days/W.T.N

0 comments:

Post a Comment