Thursday, October 15, 2015

မဲဆွယ်စည်းရုံးနေသည့် ဒီချုပ်ကိုယ်စားလှယ်လောင်းများကို ရွာသားတစ်ဦး တုတ်ဖြင့်တိုက်ခိုက်

ဒီချုပ်မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို တုတ်ကိုင်ကာ နှောင့်ယှက်နေသော ကျေးရွာသားအားတွေ့ရစဉ် (ဓာတ်ပုံ−ကိုထူးဖေ့စ်ဘွတ်ခ်)

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့ နယ်အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေးမဲဆွယ်စည်းရုံးနေ သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားလှယ်လောင်းများ ကို အောက်တိုဘာ ၁၄ ရက်၌ အမျိုးသားတစ်ဦးက ကိုယ်ထိ လက်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ဒီချုပ်ပါတီ၏ပျော်ဘွယ်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းနှင့်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စား လှယ်လောင်းအပါအဝင် ဒီချုပ်ပါ တီဝင်အချို့ အောက်တိုဘာ ၁၄ ရက် ညနေက ပျော်ဘွယ်မြို့နယ် သနပ်ခါးတောကျေးရွာသို့ မဲဆွယ်စည်းရုံးရေးခရီးသွားရောက်စဉ် တိုက်ခိုက်ခံရမှုဖြစ်ပွားခြင်းဖြစ် သည်။

သနပ်ခါးတောရွာခံ အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ် ဦးသည် ဒီချုပ်ကိုယ်စားလှယ် လောင်းများနှင့်ပါတီဝင်များကို ရွာတွင်းသို့ဝင်မလာရန် တားမြစ် ပြောဆို၍ တုတ်ဖြင့် ကိုယ်ထိ လက်ရောက်တိုက်ခိုက်ခြင်းဖြစ် ပြီး ပါတီဝင်နှစ်ဦးအနည်းငယ်ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီချုပ် ပါတီ၏ ပျော်ဘွယ်မြို့နယ် ဥက္ကဋ္ဌ ဦးအေး ချိုက ပြောသည်။

‘‘ကိုယ်စားလှယ်လောင်း တွေ ဟောပြောစည်းရုံးဖို့အတွက် ၆ ရက်နေ့က ရှေ့ပြေးကားသွား တုန်းကလည်း ဒီလူကပဲ နှောင့် ယှက်တယ်။ မနေ့က (အောက်တို ဘာ ၁၄)တော့ လွှတ်တော်ကိုယ် စားလှယ်လောင်းတွေပါ သွားကြ တဲ့အခါမှာ ဒီလူကပဲ ရွာအဝင်က နေ တားပြီး ထွက်ရိုက်တာပဲ’’ဟု ဦးအေးချိုက ပြောသည်။

အောက်တိုဘာ ၆ရက်ကပါတီဝင်အချို့ ပထမအကြိမ် ရှေ့ပြေးအနေဖြင့် သွားရောက်ခဲ့စဉ် ရွာတွင်းဝင်မလာရန် ၎င်းအမျိုးသားက နှောင့်ယှက်ဟန့်တားခဲ့ ဖူးပြီး ယခုအကြိမ်တွင် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဦးအေးချိုက ပြောသည်။

ယင်းအမှုကို ရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်နေသော်လည်း အဆင်မပြေသေးဘဲ အောက်တို ဘာ ၁၆ ရက်တွင် မြို့နယ်ကော်မ ရှင်နှင့် ထပ်မံဆွေးနွေးညှိနှိုင်းပြီး ရဲစခန်းတွင် အမှုဖွင့်ထားမည်ဟု ဦးအေးချိုက ပြောသည်။

‘‘ရဲကို အမှုဖွင့်တော့ တရား ရုံးကို ဦးတိုက်လျှောက်ထားဖို့ ပြောတယ်။ တရားရုံးကို ဦးတိုက် လျှောက်ထားတော့လည်း ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးကာလ ဖြစ်ပွားတဲ့ကိစ္စဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့မှတ်ချက် တောင်းနေတယ်။ အခုထိတော့ အမှုဖွင့်လို့ မရသေးဘူး။ မနက်ဖြန်သွားဖွင့်မယ်’’ဟု ၎င်းက ပြော သည်။

ဒီချုပ်ပါတီ၏ပျော်ဘွယ်မြို့ နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ် သည် ကော်မရှင်၏ခွင့်ပြုချက်နှင့် အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ရဲ တပ်ဖွဲ့ကလည်း လုံခြုံရေးဆောင် ရွက်ပေးခဲ့ကြောင်း၊ သနပ်ခါး တောရွာတွင် ဖြစ်ပွားခဲ့သည့်ရမ်း ကားတိုက်ခိုက်နှောင့်ယှက်ခံရမှု အတွက် ကော်မရှင်သို့တိုင်ကြား လာပါက ဥပဒေ၊ နည်းဥပဒေညွှန် ကြားချက်များနှင့်အညီ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပျော်ဘွယ်မြို့နယ် ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုး မြင့်က ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် သနပ်ခါးတောကျေးရွာတွင် မဲ ဆွယ်စည်းရုံးမှု မပြုလုပ်နိုင်ခဲ့ သော်လည်း ပျော်ဘွယ်မြို့နယ်အ တွင်း အခြားကျေးရွာများတွင် ပုံ မှန်အတိုင်း မဲဆွယ်စည်းရုံးနေ ကြောင်း ဒီချုပ်ပါတီမှ သတင်းရရှိ သည်။

ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မြေနှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒ နယ်မြေများတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ခိုင်ဖြိုး ပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီတို့ ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment