Thursday, October 15, 2015

ဒိုမိန်းလုံခြုံရေး အားနည်းချက်ကို ထောက်ပြနိုင်ခဲ့သူ ကျောင်းသားတစ်ဦးအား Google က ငွေသားဆုချီးမြှင့်

Google accidentally sells Google for only $12

ကမ္ဘာကျော် အင်တာနက် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော Google သည် ၄င်း၏ Google.com ဒိုမိန်းလုံခြုံရေး ကျိုးပေါက် နေသည်ကို စက်တင်ဘာ ၂၉ ရက်က မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပြီး ၄င်း လုံခြုံရေးစည်း ကျိုးပေါက် နေသည်ကို ထောက်ပြ ပေးနိုင်ခဲ့သော အမေရိကန် ကျောင်းသား ဆန်မေဗက် ကို ငွေသားဆု ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။ထိုစဉ်က ဆန်မေဗက် သည် ဒိုမိန်းတစ်ခုကို ဝယ်ယူရန် လျှောက်တင်ခဲ့ရာ စသည့် နောက်သည့် သဘောဖြင့် ရယူလိုသော ဒိုမိန်း အမည်တွင် Google.com ကို ရိုက်သွင်းခဲ့ကြောင်း၊ Google ၏ လုံခြုံရေး စနစ်များက ၄င်း အခြင်းအရာကို သတိမထားမိဘဲ ဆန်မေဗက်ကို Google.com ဒိုမိန်းကြီး တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့် ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Google ကုမ္ပဏီကြီး တစ်ခုလုံးကို ဆန်မေဗက် လက်ထဲသို့ ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Google ၏ လုံခြုံရေးစနစ် များက စက္ကန့် ၆၀ ခန့်ကြာမှ ၄င်းမှားယွင်းမှုကို သတိထားမိခဲ့ပြီး ဆန်မေဗက် ၏ ဒိုမိန်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ကြားဝင် ဟန့်တားခဲ့သည်။ ထိုကဲ့သို့ ဆိုးရွားစွာ မှားယွင်းမှု ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့ Google ၏ အားနည်းချက်ကို ထောက်ပြပေးရာ ရောက်သည်ဟု ဆိုကာ ဆန်မေဗက် အား ဆုငွေချီးမြှင့် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန်မေဗက် သည် ယခင်က Google ကုမ္ပဏီ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန် ကောလိပ်တစ်ခု၌ MBA တက်ရောက် နေကြောင်း၊ ယခင် ကတည်းက Google နှင့်ဆက်စပ်မှု ရှိသော ဒိုမိန်းများကို စိတ်ဝင်တစား စောင့်ကြည့်ဖူး ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းက Google.com ဒိုမိန်းကို ရောင်းရန် စာရင်းထဲတွင် မြင်တွေ့ လိုက်ကြောင်း၊ ထို့ကြောင့် Google.com ကို ၁၂ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ၄င်းပိုင် ဖြစ်သွားပြီဟု e-Mail ဝင်လာကြောင်း၊ အမှန်တကယ်လည်း Google ထံပေးပို့သော e-Mail များစွာကို စတင်လက်ခံ ရရှိခဲ့ကြောင်း၊ ချက်ချင်း လိုလိုပင် Google.com ကိုဝယ်ယူရန် မဖြစ်နိုင်ကြောင်း အကြောင်းကြား စာဝင်လာပြီး ၄င်း၏ ၁၂ ဒေါ်လာကိုလည်း ပြန်အမ်းပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Yadanarpondaily

0 comments:

Post a Comment