Thursday, October 15, 2015

သင်မသိသေးတဲ့ Titanic သင်္ဘောအကြောင်း


၁။ Titanic ပေါ်ကဈေးအကြီးဆုံးအခန်း ဟာ ဒီခေတ်ဈေုးနဲ့ဆို တစ်ညအတွက်ဒေါ်လာတစ်သိန်းလောက်ပေးရပါတယ် ဒါဟာ ကမ္ဘာတစ်ခုတည်းသောကြယ်ခုနှစ်ပွင့် burj al arab ဟိုတယ်ကဈေးအကြီးဆုံးအခန်းခထက် သုံးဆကျော်ပိုများပါတယ်၂။ Titanic ပေါ်ကဂီတပညာရှင်တွေဟာ အဲခေတ်ရဲ့အကျော်ကြားဆုံးနဲ့လူကြိုက်အများဆုံးသီချင်းပေါင်း ၃၇၀ ကျော်ရဲ့တီးလုံးအားလုံးကို အလွတ်ကျက်မှတ်ထားရပါတယ် ဘယ်ခရီးသည်ကမဆိုသူတို့နားထောင်ချင်တဲ့ သီးချင်းကိုတောင်းဆိုရင်ချက်ချင်းအထစ်အငေါ့မရှိတီးခတ်နိုင်ဖို့ပါ

၃။ Titanicမှာ ကိုယ်ပိုင်သတင်းစာရှိပါတယ် သင်္ဘောပေါ်ကခရီးသည်တွေအတွက်သာသီးသန့်ထုတ်ဝေတဲ့ The Atlantic Newsဆိုတဲ့သတင်းစာကို သင်္ဘောပေါ်က သတင်းစာတိုက်ကနေ သင်္ဘောပေါ်ကသတင်းများအားလုံးကိုသိရှိဖို့ နေ့စဉ်ထုတ်ဝေပေးပါတယ်

၎။ Titanic ရဲ့စတုတ္ထမြောက်ခေါင်းတိုင်ဟာ အလှသက်သက်ပဲထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်

၅။ Titanic သင်္ဘောဟာသိပ်ကြီးတဲ့အတွက် သူ့ကိုမောင်းနှင်ဖို့လိုအပ်တဲ့ကျောက်မီးသွေးအင်ဂျင်ကိုလည်ပတ်ဖို့ အလုပ်သမား၁၇၈ယောက်အသုံးပြုခဲ့ရပါတယ်

၆။ Titanic ဟာ သမိုင်းတစ်လျောက် ယခုအချိန်ထိ ရေခဲတောင်ကြောင့်နစ်မြုပ်ခဲ့ရတဲ့ တစ်စင်းတည်းသောသင်္ဘောဖြစ်ပါတယ်

၇။ ရေခဲတောင်ကိုတွေ့တဲ့အချိန်ကနေ လမ်းကြောင်းပြောင်းဖို့အချက်ပေးတဲ့အချိန်ဟာနာရီဝက်လောက် နှောင့်နှေးခဲ့ရပါတယ်

၈။ Titanicသင်္ဘောတစ်စင်းလုံးနစ်မြုပ်သွားဖို့ ၂နာရီနဲ့မိနစ်လေးဆယ်ကြာခဲ့ပါတယ်

၉။ သင်္ဘောနောက်ဆုံးနစ်သွားချိန်အထိ လျှပ်စစ်မီးမပြတ်တောက်အောင် ထိန်းချုပ်ပေးခဲ့တဲ့အတွက် သင်္ဘောပေါ်ကအင်ဂျင်နီယာ အယောက်နှစ်ဆယ်လုံး အသက်မရှင်နိုင်ခဲ့ပါဘူး

၁၀။ သင်္ဘောနောက်ဆုံးနစ်သွားချိန်အထိ ဂီတပညာရှင်များကလဲ အဆက်မပြတ်တီးခတ်နေပေးခဲ့ပါတယ်

၁၁။ Titanicပေါ်ကfirst class ခရီးသည်တွေသက်တောင့်သက်သာထိုင်နိုင်ဖို့ အသက်ကယ်လှေတစ်စင်းပေါ်ကို ၈ယောက်သာတက်ခွင့်ပြုခဲ့ပေမဲ့ အသက်ကယ်လှေတိုင်းဟာ ပျမ်မျှပေါင်၁၅၀ရှိတဲ့လူနှစ်ဆယ်ကို ကောင်းကောင်းတင်ဆောင်နိုင်ပါတယ်

၁၂။ Titanic ကိုစီးနင်းခွင့်ရတဲ့ခွေး ၁၃ကောင်အနက် သုံးကောင်သာအသက်ရှင်ခဲ့ပါတယ်

၁၃။ Titanic ပေါ်ကစာဖိုမှူးတစ်ယောက်ဟာ အရက်ကိုအလွန်အကျွံသောက်ခဲ့ပါတယ် အဲ alcohol အပူရှိန်ကြောင့်ပဲ ရေခဲမှတ်နီးနီးအေးတဲ့ရေထဲမှာ နှစ်နာရီလောက်နေနိုင်ခဲ့ပြီး ကယ်ဆယ်ရေးသင်္ဘောလာကယ်တာကိုစောင့်နိုင်ခဲ့ပါတယ်

၁၄။ သင်္ဘောနစ်တဲ့နေရာကို သိတာတောင်မှ သင်္ဘောပျက်ကိုပြန်ရှာတွေ့ဖို့ နှစ် ၇၀ကျော်ကြာခဲ့ပါတယ်

၁၅။ ပြန်လည်ရိုက်ကူးခဲ့တဲ့ Titanic ရုပ်ရှင်ကားရဲ့ စုစုပေါင်းအသုံးစားရိတ်ဟာ တကယ့်သင်္ဘောတည်ဆောက်တဲ့အသုံးစားရိတ်ထက်တောင်များပြားခဲ့ပါတယ်

Credit - သုတစားဖွယ်စုံ
Thar Wai Yan

0 comments:

Post a Comment