Thursday, October 15, 2015

ထောင်အတွင်း တရားမ၀င်ပစ္စည်းတင်သွင်းမှုဖြင့် သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူ ခုနစ်ဦးကို ထောင်ဒဏ်နှစ်လစီချမှတ်

သပိတ်မှောက်ကျောင်းသားနှင့် ဝန်းရံပြည်သူ ခုနစ်ဦး (ဓာတ်ပုံ − Thar Aye Facebook)

သာယာဝတီထောင်အတွင်းသို့ တရားမ၀င် ပစ္စည်းတင် သွင်းခဲ့မှုဖြင့် သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများထဲမှ ကိုဟိန်းဇော်ဝင်းပါ ခုနစ်ဦးကို အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၄၂ ဖြင့် ထောင်ဒဏ်နှစ်လစီကျခံရန် အမိန့်ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။အဆိုပါ ကျောင်းသားနှင့် ၀န်းရံပြည်သူ ခုနစ်ဦးကို သာယာ ၀တီမြို့နယ် တွဲဖက်တရားရုံးတွင် အောက်တိုဘာ ၁၅ ရက်၌ အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၄၂ (အကျဉ်းထောင်အတွင်းသို့ တရားမ၀င် ပစ္စည်းသယ်ဆောင်မှု)ဖြင့် ထောင်ဒဏ်နှစ်လစီကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့ပြစ်ဒဏ်မှာ ချုပ်ရက်ဖြင့် ပြည့်သွားခဲ့သောကြောင့် သီးခြားကျခံရန်မလိုကြောင်း သာ ယာဝတီမြို့နယ် တွဲဖက်တရားရုံး မှ သတင်းရရှိသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများက ဇွန်လ ၃၀ ရက်တွင် ပြုလုပ်သည့် (၁၂)ကြိမ် မြောက်ရုံးချိန်းအပြန် သာယာဝတီထောင်အတွင်းသို့ အ၀င်၌ ဆေး လိပ်နှင့် ကွမ်းယာများ ယူဆောင်ခဲ့ ကြ၍ ထောင်တာဝန်ရှိသူများနှင့် အချေအတင် ပြဿနာဖြစ်ပွား ကာ ကြွေးကြော်သံများ ကြွေး ကြော်ခြင်း၊ ကျောင်းသားသီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့၍ လူစုလူဝေးဖြင့် ထိန်းသိမ်းခဲ့ရသည်။

ထို့နောက် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများထဲမှ ထောင်အတွင်းသို့ တရားမ ၀င် ပစ္စည်းတင်သွင်းခဲ့မှုဖြင့် ကို ဟိန်းဇော်ဝင်းပါ ခုနစ်ဦးကို သာ ယာဝတီထောင်အရာရှိ ဦးနန်း အောင်ကျော်က တရားလိုပြုလုပ် ၍ သာယာဝတီမြို့နယ် တွဲဖက် တရားရုံး၌ အကျဉ်းထောင် အက် ဥပဒေ ပုဒ်မ ၄၂ ဖြင့် ဇူလိုင် ၁၆ ရက်တွင် တရားစွဲဆိုခဲ့ပြီးနောက် ယခု ကဲ့သို့ အမိန့်ချမှတ်ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ တ ရားမ၀င်ပစ္စည်းကို ထောင်ထဲ သယ်လာတာမဟုတ်ဘူး။ ထောင် ထဲမှာ ဆေးလိပ်ကို ကော်ဖီမစ်အ ထုပ် ၂၀ နဲ့လဲပြီး ယူလို့ရတယ်။ ထောင်အာဏာပိုင်တွေက အရေး မယူပါဘူးလို့ ပြောပြီးတော့ ကျွန် တော်တို့ကို ထောင်ဝင်စာပိတ်ခဲ့ တာကို ဆန္ဒပြတဲ့အနေနဲ့ ရုံးချိန်း အပြန်မှာ ဆေးလိပ်ကို ယူပြီးတော့သူတို့ကို တရားဝင်အပ်ခဲ့တာပါ’’ ဟု တရားစွဲဆိုခံရသူတစ်ဦးဖြစ် သည့် ကိုရန်ပိုင်စိုးကပြောသည်။

သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံး တွင် နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မငါးခုဖြင့် တရားစွဲဆိုထားပြီး အောက်တိုဘာ ၂၀ ရက်၌ ထပ်မံ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment