Thursday, October 15, 2015

တပ်ချုပ်ဓာတ်ပုံကို ခြေဖြင့်နင်းသည့်ပုံ ဝေမျှသူဟုဆိုသူ အာမခံ မရ

ဦးခွန်ဂျာလီအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ဓာတ်ပုံကို ခြေ ထောက်ဖြင့်နင်းကာ ဓာတ်ပုံရိုက် ၍ လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ သည်ဟုဆိုကာ တရားစွဲဆိုခံထား ရသည့် ကချင်တိုင်းရင်းသားဦးခွန် ဂျာလီကို လှိုင်မြို့နယ်တရားရုံး၌ ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။စွပ်စွဲခံထားရသူ ဦးခွန်ဂျာလီ ကို အောက်တိုဘာ ၁၄ ရက် ည ပိုင်းက လှိုင်မြို့နယ် (၁၀) ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ရဲတပ်ဖွဲ့ ၀င်များ လာရောက်ခေါ်ဆောင်သွား ကာ ထိန်းသိမ်းခံခဲ့ရပြီး အောက် တိုဘာ ၁၅ ရက်တွင် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။တပ်မတော်အဆင့်မြင့်အရာရှိတစ်ဦး၏ ပုံကိုခြေဖြင့်နင်းကာ လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့မှုကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ရန် ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက တရားလိုပြုတိုင်ကြား သဖြင့် လှိုင်မြို့မရဲစခန်းက ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်အရေးယူခဲ့ကြောင်း စခန်းမှူးက ဆိုသည်။

‘‘ဒီပို့စ်ကို ကျွန်တော်ရှဲလ်တာ မဟုတ်ပါဘူး။ ကျွန်တော်ဘာမှ လည်းမသိပါဘူး။ ကျွန်တော့်အ နေနဲ့ ကြည့်ရင်တော့ မတရားပါ ဘူး’’ဟု ဦးခွန်ဂျာလီက လှိုင်မြို့ နယ်တရားရုံးအထွက်တွင် ပြော ကြားခဲ့သည်။

လှိုင်မြို့နယ်တရားရုံး၌ ရုံးထုတ်စဉ် စွပ်စွဲခံထားရသူ ဦးခွန် ဂျာလီက ၎င်းတွင်ရင်ကျပ်ပန်းနာ ရောဂါရှိပြီး ကိုယ်တိုင်ကျူးလွန်ခဲ့ ခြင်းမဟုတ်သဖြင့် အာမခံပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သော် လည်း မြို့နယ်တရားသူကြီးက ပယ်ချလိုက်ကြောင်း တရားခွင် မှ သိရသည်။

‘‘သူ့ကိုဖွင့်ထားတဲ့အမှုက အာမခံမရပါဘူး’’ဟု လှိုင်မြို့မရဲ စခန်းက စခန်းမှူးက ဆိုသည်။

‘‘ဒက်ဒီ့အကောင့်ထဲမှာ အ ရင်ကလည်း အဲဒီလိုသူ့ကို လာ လာ Tag တွဲတဲ့သူတွေရှိတယ်။ ဒက်ဒီကလည်း သူ့ကို Tag မတွဲဖို့ တင်ထားတဲ့ ပို့စ်လည်း သူ့အကောင့်ထဲမှာရှိတယ်။ အခုဒီပုံကလည်း သူ့ကိုလာ Tag တွဲထားတယ်လို့ ထင်တယ်။ လာ Tag တဲ့အကောင့်ကိုတော့ မမှတ်မိတော့ဘူး။ ဒီလ ၉ ရက်ကတည်းကဆိုတော့ မေ့နေပြီ’’ဟု ဦးခွန်ဂျာလီ၏ သမီး မဖရော်ပန်လီက ဆိုသည်။

7Day Daily

0 comments:

Post a Comment