ဝေဖန်မှုများမြင့်တက်နေသော စက်မှုဝန်ကြီးဌာန၏ လူနာတင်ယာဉ်ကိစ္စတွင် ဂျပန်နိုင်ငံမှ ကျပ်သိန်း ၃၅၀ တန် Luxury လူစီးမော်တော်ယာဉ်များကို တင်သွင်း၍ Medical Equipments များကို ကျန်းမာရေးဝန်ကြီးဌာနမှကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ ပုံစံထုတ်တပ်ဆင်ခြင်းဖြစ်ကြောင်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ဝေဖန်မှုများ ဆက်တိုက်မြင့်တက်လာနေချိန်တွင် ၀န်ကြီးဌာနက မေလ ၂၄ ရက်နေ့ လယ်ပိုင်း၌ ယင်းကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သော ယာဉ်များမှာ ပြည်ပမှတင်သွင်းမည့် ယာဉ်များထက် ၄၀ ရာခိုင်နှုန်းခန့်  သက်သာမည်ဖြစ်ကြောင်းလည်း ဆိုသည်။ ထုတ်ပြန်ချက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Ambulance (လူနာတင်မော်တော်ယာဉ်) တင်ဒါခေါ်ယူရာတွင် ဈေးနှုန်းအနည်းဆုံးဖြစ်သည့် ကျပ်(၇၄၀)သိန်းဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါအောင်မြင်ခဲ့ကြောင်း ၊ မော်တော်ယာဉ်သီးသန့်တန်ဖိုးမှာ ကျပ်(၃၅၀)သိန်းသာဖြစ်ပြီး ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် ဘယ်မောင်း TOYOTA HIACE COMMUTER 2017 Model အမျိုးအစား Brand New (0 km (3 km မှ 30 km အတွင်း))ဖြစ်ကြောင်း ၊ ပထမအဆင့်အနေဖြင့် Luxury လူစီးကားများကို တင်သွင်းပြီး Medical Equipments များကို ကျန်းမာရေးဝန်ကြီးဌာနမှကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ ပုံစံထုတ်တပ်ဆင်ခြင်း ဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။
ယင်းအပြင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် Standard Ambulance တွင် Medical Equipments များ၏ တန်ဖိုးမှာ ကျပ်(၃၄၀)သိန်းဖြစ်ပြီး USA Brand “Ferno” Stretcher အပါအဝင် Grade မြင့် အမျိုးအစား(၄၁)မျိုးပါဝင်ကြောင်း၊ Hi-End Medical Equipments အမျိုးအစားများဖြစ်သည့် နှလုံးနှိုးစက် (Automated Electrical Defibrillator)၊ အောက်ဆီဂျင်ပေးစက် (Oxygen Administration Equipment (20 L) ၂လုံး)နှင့် Patient’s Vital Sign Monitor စသည့် အရေးကြီးပစ္စည်းများ ထည့်သွင်းတပ်ဆင်ထားကြောင်း၊ တူရကီပညာရှင်များနှင့်ပူးပေါင်း၍ Medical Equipments တပ်ဆင်ထားပြီး Ambulance များကို Commission on Accreditation of Ambulance, Myanmar (CAAM)အဖွဲ့မှ စစ်ဆေးအတည်ပြုထားသည့် လူနာတင်ယာဉ်များ ဖြစ်ကြောင်းလည်း ဆိုသည်။
အထူးသဖြင့် ပြည်ပမှအလားတူ Ambulance အဟောင်းများ တင်သွင်းမည်ဆိုပါက ကျပ်(၁၂၅၀)သိန်း ခန့်ကျသင့်မည်ဖြစ်၍ အသုံးပြုပြီး Medical Equipments များမှာလည်း Grade နိမ့်ပစ္စည်းများ ဖြစ်ပြီး စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် Brand New Ambulance များမှာ ၄၀ ရာခိုင်နှုန်းခန့်သက်သာမည်ဖြစ်ပြီး (၁)နှစ်အာမခံပေးထားကြောင်း၊ လက်ရှိအချိန်တွင် ပြင်ပပုဂ္ဂလိကဆေးရုံကြီးများမှကားအသစ်များကို Grade အမြင့် Medical Equipment များဖြင့်ဝယ်ယူလိုပါ၍ ကမ်းလှမ်းလျက်ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
မိုးတိမ်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment