Friday, May 25, 2018

ထာဝရငြိမ်းချမ်းရေးစေတီတော်ကို နေပြည်တော်တွင် တည်


ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန် ရည်ရွယ်ချက် ဖြင့် ထာဝရငြိမ်းချမ်းရေးစေတီ တော်ကို တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရာဇသင်္ဂဟလမ်းကံ့ကော် ပန်းအ၀ိုင်းအနီးတွင် တည်ထား မည့် ထာဝရငြိမ်းချမ်းရေးစေတီ တော်ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ကကျင်းပရာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပြည်ထောင်စုဝန် ကြီးများ၊ ပြည်ထောင်စု ရှေ့နေ ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ ဒုတိ ယ၀န်ကြီးများနှင့် အလှူရှင်စီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက် သည်။

‘‘ဘွဲ့တော်ကို ကြည့်လိုက်ရုံ နဲ့ပဲ ဒီစေတီတော်မြတ်ကြီးရဲ့ ရည် ရွယ်ချက်ကို ပြောစရာမလိုဘဲနဲ့ အားလုံးသိနိုင်ပါတယ်။ နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိပါစေဆိုတဲ့ ရည်ရွယ်ချက်၊ ဦး တည်ချက်၊ မျှော်မှန်းချက်ပန်း တိုင်ထားပြီးတော့ လှူဒါန်းပူဇော် ကြတာဖြစ်ပါတယ်’’ ဟု ဆရာ တော်အရှင်ဆန္ဒာဓိကက မိန့် ကြားသည်။

စေတီတော်တည်ထားနိုင် ရေး ဆရာတော်အရှင်ဆန္ဒာဓိက က ဦးဆောင်၍စီးပွားရေးလုပ်ငန်း ရှင်များ၊ အလှူရှင်များကမ,တည် လှူဒါန်းပြီး ရတနာအုတ်မြစ်တော် စီမင်္ဂလာအခမ်းအနားအပြီးကျင်း ပသည့်အလှူငွေပေးအပ်ပွဲတွင် စုစုပေါင်း မ,တည်လှူဒါန်းငွေ ကျပ်သိန်း ၁၁,၀၀၀  ကျော်ရရှိ သည်။

ထို့အပြင် ခုနစ်ရက်သား သမီးများ စုပေါင်းတည်ထားသည့် စေတီတော်ဖြစ်စေရန် အများ ပြည်သူထံမှ အလှူငွေများကို လည်း သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနက တာဝန်ယူလက် ခံမည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ ‘‘အကြံဉာဏ်အား၊ ငွေ အား၊ လူအားစုပေါင်းအင်အား တွေနဲ့ ဒီထာဝရငြိမ်းချမ်းရေးစေတီ တော်မြတ်ကြီးကို တည်ထားကိုး ကွယ်ကြမှာဖြစ်ပါတယ်’’ ဟု အရှင်ဆန္ဒာဓိကက မိန့်သည်။

ငြိမ်းချမ်းရေးရရှိရန် ရည် ရွယ်၍ စေတီတော်တည်ထား သည်ဆိုခြင်းအပေါ် မေးခွန်းထုတ် မှုများရှိနိုင်သော်လည်း လက်ရှိ ငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်ငန်း စဉ်အတွက် ဘာသာရေးရှုထောင့် မှ အထောက်အပံ့တစ်ရပ်အဖြစ် ပါဝင်ကူညီရန် ရည်ရွယ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကက ဆက်လက်မိန့်ကြားသည်။

‘‘ငြိမ်းချမ်းရေးဆိုတဲ့ အကျိုး တရားတစ်ခု ဖြစ်ပေါ်လာဖို့အ တွက် အားလုံးစုပေါင်းအင်အား နဲ့ ၀ိုင်းပြီးတော့ကြိုးစားဆောင် ရွက်နေပါတယ်။ ဦးပဉ္စင်းတို့ရဲ့ ဗုဒ္ဓဘာသာအနေနဲ့လည်း မြတ်စွာ ဘုရားရှင်ရဲ့ဓာတ်တော်၊ မွေ တော်တွေ၊ ဂုဏ်တော်၊ ကျေးဇူး တော်တွေကို ပူဇော်တဲ့ကုသိုလ် အထောက်အပံ့အနေနဲ့ ဒီစေတီ တော်ကြီးကို တည်ထားကိုးကွယ် ခြင်းဖြစ်ပါတယ်’’ ဟု ဆရာတော် ကရှင်းလင်းသည်။

ထာဝရငြိမ်းချမ်းရေးစေတီ တော်ကို ဉာဏ်တော်၃၆ တောင်ရှိ လိုဏ်စေတီအဖြစ် တည်ထားရန် ပုဂံရှိအာနန္ဒာစေတီတော်ကို အ ခြေခံ၍လက်ရှိခေတ်နှင့် လျော်ညီ အောင် ဒီဇိုင်းရေးဆွဲထားကြောင်း စေတီတော်ဒီဇိုင်းရေးဆွဲသူမြန်မာ မှုပညာရှင် ဦးကြည်စိုးကရှင်းပြ သည်။

 ထို့အပြင် ငြိမ်းချမ်းရေးအငွေ့အသက်များ ပါဝင်စေရန် လည်း ဒီဇိုင်းရေးဆွဲထားကြောင်း ၎င်းကပြောသည်။ ‘‘အဓိကက တော့ ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ ဩ၀ါဒအတိုင်းကျွန်တော်က အကောင်အထည်ဖော်တယ်။ စေ တီတော်ရဲ့ လိုဏ်ထဲမှာလည်း တိုင်းနဲ့ပြည်နယ် ၁၄ ခုကိုကိုယ်စား ပြုတဲ့ ဘုရားစေတီတွေပါမယ်’’ ဟု ဦးကြည်စိုးကပြောသည်။

7Day



0 comments:

Post a Comment