Wednesday, May 2, 2018

တက္ကသိုလ်ဝင်တန်းအဆင့်နှင့် ညီမျှသော ပညာသင်ယူပြီးသူများအတွက် လျှပ်စစ်ကျွမ်းကျင်ပညာ အခမဲ့ သင်ကြားမည်


တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများ၊ တက္ကသိုလ်ဝင်တန်းအဆင့် ( ဒသမတန်း) နှင့်ညီမျှသော ပညာသင်ယူပြီးသူများအတွက် လျှပ်စစ်ကျွမ်းကျင်ပညာကို CVT Myanmar မှ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် စာတွေ့သာမက လက်တွေ့ပါ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လမှ ဒီဇင်ဘာလအထိ ခြောက်လကြာမြင့်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်းရှိ လူငယ်များ တက်ရောက်နိုင်ကြောင်း သိရသည်။

သင်တန်းကို CVT Myanmar နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး May Bank မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကြေးအခမဲ့အပြင် သင်တန်းကာလအတွင်း ခရီးစရိတ်ကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း CVT Myanmar မှ သိရသည်။

သင်တန်းချိန်မှာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၏ နံနက် ၈နာရီိမှ ညနေ ၄ နာရီ ၄၅မိနစ်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပြီးနောက် NSSA-level 1,2 စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ပါက Center for Vocational Training (CVT) နှင့် National Skill Standard Authority (NSSA) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ကမ်းနားလမ်းနှင့် ဘိုကလေးဈေးလမ်းထောင့်ရှိ CVT Myanmar ရုံးတွင် မေလ ၂၁ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ၀၁၃၈၃၆၇၆၊ ၀၉၇၃၁၆၆၂၀၆ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့်မေးမြန်းလိုပါက publicrelationscvt@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး CVT Myanmar ၀က်ဆိုဒ် တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ချမ်းငြိမ်း ( အကုန်သိသတင်းဌာန) 

0 comments:

Post a Comment