Wednesday, May 2, 2018

လူထု မိတ်ဆွေ ယာဉ်လိုင်း မှ ယာဉ်စီးခ ပုံသေ ၃၀၀ ကျပ် ကောက်ခံနေမှုအပေါ် ပြိုင်ဘက် ယာဉ်လိုင်းကုမ္ပဏီများက ဝေဖန်မှုများရှိနေ


လူထုမိတ်ဆွေယာဉ်လိုင်းများဖြစ်သည့် YBS 93 ၊ YBS 94၊ YBS 78 ယာဉ်လိုင်များမှ ယာဉ်စီးခ ပုံသေ ၃၀၀ ကျပ် ကောက်ခံနေမှုအပေါ် ပြိုင်ဘက် ယာဉ်လိုင်းကုမ္ပဏီများက ဝေဖန်မှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် လူထုမိတ်ဆွေယာဉ်လိုင်းမှ ယာဉ်စီးခကို ၃၀၀ ကျပ်ကောက်ခံနေပြီး ကျန် YBS ယာဉ်လိုင်းများမှာ ၂၀၀ ကျပ်သာ ကောက်ခံလျက်ရှိခြင်းကြောင့် ပြိုင်ဘက် ယာဉ်လိုင်းကုမ္ပဏီများက ဝေဖန်လာခဲ့ခြင်းဖြစ်ကြောင်း Power Eleven ကုမ္ပဏီလီမိတက်မှ သိရသည်။

အဆိုပါ ယာဉ်စီးခ ၃၀၀ ကျပ် ကောက်ခံခြင်းနှင့် ပတ်သက်၍ ယင်း ယာဉ်လိုင်းမှ နှုန်းထားသတ်မှတ်ပြီး ကောက်ခံခြင်း မဟုတ်ပဲ YRTA မှ သတ်မှတ်ပေးထားသည့် နှုန်းထားအတိုင်းသာ ကောက်ခံ နေခြင်းဖြစ်ကြောင်း သိရသည်။

“ ကိုယ့်ဘာသာ သတ်မှတ်ပြီး ကောက်တဲ့နှုန်းထားမဟုတ်ဘူး။ သူတို့သတ်မှတ်ထားတဲ့ အတိုင်းပါပဲ။ လုပ်ငန်းလုပ်နေတဲ့ သူ အချင်းချင်းဆိုတော့ ပြိုင်ဆိုင်တာလည်းရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ခရီးသည်ဝန်ဆောင်မှုကို အဓိက ထားပေးတာ ပါ” ဟု Power Eleven ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုတရုတ်လေး က ပြောသည်။

လက်ရှိတွင် မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၉၄ လိုင်း ရှိပြီး ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်း၊ ယင်းအပြင် Omni Focus ကုမ္ပဏီနှင့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတို့မှလည်း ယာဉ်စီးခ တိုး ကောက်ရန် အတွက် အာဏာပိုင်အဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

စုသက်နှင်း 
AKonThi

0 comments:

Post a Comment