Wednesday, May 23, 2018

ပတ္တယားတွင် ထိုင်းလူဆိုးဂိုဏ်းဝင်များက ကမ္ဘာလှည့်ခရီးသွားများကို ကမ်းခြေမှ နှင်ထုတ်


သူတို့ ကိုယ်သူတို့  ပတ္တယားကမ်းခြေရဲ့  ပိုင်ရှင်တွေဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်းဝင်တွေက ကမ္ဘာလှည့်ခရီးသွားတွေကို နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ်းခြေတစ်နေရာမှာ ခွင့်ပြုချက်မရှိဘဲ ထိုင်နေခဲ့တယ်ဆိုပြီး တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယလုပ်ငန်းရှင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ထိုင်းလူမျိုးတွေနဲ့ အိန္ဒိယကမ္ဘာလှည့်ခရီးသွားတွေအကြား ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ပတ္တယားရဲစခန်းနဲ့  မီတာ ၁၀၀ လောက်သာကွာဝေးတဲ့ ကမ်းခြေမှာ မေ ၂၂ ရက်နေ့ ညပိုင်းက ဖြစ်သွားခဲ့တာလို့  သိရပါတယ်။ ထိုင်းလူမျိုး အမျိုးသားတစ်စုရဲ့ တိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရခဲ့တဲ့ အဆိုပါအိန္ဒိယလုပ်ငန်းရှင် ဘားလ်ဒိဆင်း ဂူလ်တီက အခင်းဖြစ်ရပ်ကို ရဲတပ်ဖွဲ့ ထံ တိုင်တန်းခဲ့ကြောင်း သိရပါတယ်။

သူနဲ့ အိန္ဒိယလူမျိုး မိတ်ဆွေတစ်ဦးတို့  ကမ်းခြေမှာ အနားယူနေစဉ် အခုလို လူတစ်စုက လာရောက်တိုက်ခိုက်ကြတာလို့ ဆိုပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေနားကို လူမိုက်တွေ ရောက်ရှိလာချိန်မှာ အဲဒီနေရာကနေ သူနဲ့ သူ့သူငယ်ချင်းဖြစ်သူတို့ အမြန်ထွက်လာခဲ့ကြကြောင်း ထိုင်းလူမျိုးတစ်ဦးဖြစ်တဲ့ ရင်လာဒါခါဟန်က ပြောခဲ့ပါတယ်။

ဒီဧရိယာကို မြေပိုင်ရှင်တစ်ဦးက ကြီးကြပ်စီမံနေတာဖြစ်တယ်လို့  လူဆိုးတွေက ပြောခဲ့ကြောင်း သူက ဆိုပါတယ်။ “ပြည်သူပိုင်နေရာကို သူတို့ က ဘယ်လိုများ ကြီးကြပ်စီမံနေနိုင်ရတာလဲဆိုတာ ကျွန်မ အံအားတောင်သင့်မိပါတယ်”လို့  သူက ရဲတပ်ဖွဲ့ ကို ပြောခဲ့ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ခဏတာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မစ္စတာဂူလ်တီမျက်နှာကို အထိုးခံခဲ့ရကာ မြေပြင်ကို လှဲချခံခဲ့ရတယ်လို့  သူက ပြောခဲ့ပါတယ်။ အဖွဲ့ အစည်းတစ်ခုရဲ့ အဖွဲ့ ဝင် လူမိုက်တွေလို့  သံသယရှိတဲ့ အဲဒီလူတွေဟာ ကမ်းခြေမှာ ထိုင်နေတဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့  အခင်းတွေကို ဆုတ်ဖြဲပစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ပတ္တယားရဲတပ်ဖွဲ့ ကတော့ ဒီလူမိုက်ဂိုဏ်းကို လိုက်လံရှာဖွေနေတယ်လို့  ဆိုပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)
Ref: ဘန်ကောက်ပို့ စ်

0 comments:

Post a Comment