ကျောင်းဆရာသုံးဦး ကို ရိုက်နှက်ခဲ့မှုတွင်ပါဝင်သော ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေး မှူးနှင့် အခြားသူများအား ပညာ ရေးဝန်ကြီးဌာနက တရားလိုလုပ်ကာ တရားစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက ပြောသည်။
‘‘တရားစွဲဖို့လုပ်နေတယ်။ မြို့နယ်ပညာရေးမှူးက တရားလို လုပ်ပြီး စွဲရမှာပေါ့။ သူ့မြို့နယ် မှာ ဖြစ်တာဆိုတော့လေ။ အမြန် ဆုံးစွဲသွားမှာပါ။ နောက်တောင် ကျနေပြီ’’ဟု ၎င်းကပြောသည်။
ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်းကျောင်းတွင် Grade-2 (ဒုတိယတန်း သင်ရိုးသစ်သင်တန်း) တက်ရောက်သော ဆရာ၊ ဆရာမများအနက် ဆရာ ၁၃ ဦးသည် မေလ ၂၀ ရက် ည ၉ နာရီကျော်က ဆရာ၊ ဆရာမများ အဆောင်ရှေ့၌ ဂစ်တာတီး သီချင်း ဆိုနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့က လာရောက် တားမြစ် ပြီး ကျောင်းဆရာသုံးဦးကို ရိုက် နှက်ခံခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့် အပါအဝင် အမျိုးသားငါးဦးအား အရေးယူပေးရန် ရိုက်နှက်ခံရ သည့် ကျောင်းဆရာသုံးဦးအနက် တစ်ဦးဖြစ်သည့် ဆရာဦးဇော် ထွန်းဦးက မေလ ၂၂ ရက်တွင် သပိတ်ကျင်းမြို့မရဲစခန်းသို့ အမှု ဖွင့်တိုင်ကြားခဲ့သည်။ ရဲစခန်းတွင် ရာဇဝတ်မကင်းသော ခြောက် လန့်မှု၊ မိမိအလိုအလျောက် နာ ကျင်စေမှု၊ အန္တရာယ်ဖြစ်စေရန် ရန်ပြုမှုနှင့် ညစ်ညမ်းစွာ ပြောဆို မှုတို့ဖြင့် အမှုဖွင့်ထားသည်။
ထိုသို့ အမှုဖွင့်ပြီးနောက်ပိုင်း ဆရာ၊ ဆရာမများ ခြိမ်းခြောက် ခံရမှုများရှိနေပြီး ကျောင်းဖွင့်ရာ သီ ပြန်လည်တာဝန်ထမ်းဆောင် ရန် ကြောက်ရွံ့မှုများရှိနေ ကြောင်း အရိုက်ခံရသည့် ဆရာ သုံးဦး အပါအဝင် အဆိုပါကျေး ရွာတွင် တာဝန်ကျသည့် ဆရာ၊ ဆရာမအချို့က ပြောသည်။
ကျောင်းဆရာများ ရိုက်နှက် ခံရကြောင်း ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားခဲ့သည့် ဆရာမ တစ်ဦးအား ဖေ့စ်ဘွတ်ခ်ကွန်မန့် များမှတစ်ဆင့် ခြိမ်းခြောက်ခြင်း နှင့် သင်တန်းခြံဝင်းအနီး လာ ရောက် ခြိမ်းခြောက်ခြင်းများရှိ ကြောင်း အဆိုပါဆရာမက ပြော သည်။
‘‘ဖေ့စ်ဘွတ်ခ်ကနေ ခြိမ်း ခြောက်တယ်။ အပြင်မှာကျတော့ နင်ဘယ်ကျောင်းကလဲဆိုတာ ငါသိတယ်။ ဘယ်လမ်းက ပြန် မယ်ဆိုတာလည်း ငါသိတယ်။ သတိထားနေဆိုပြီး အဆောင် တံခါးပေါက်မှာ ပြောသွားတယ် လို့ သူငယ်ချင်းက ပြောတယ်။ တာဝန်ရှိတဲ့သူတွေကို ပြောတော့ ဘာမှမဖြစ်ဘူးပြောတယ်။ လုံခြုံ မှုမရှိဘူးလို့ ခံစားရတယ်’’ဟု ၎င်းက ပြောသည်။
အရိုက်ခံရသည့် ဆရာသုံးဦး သည် ဇရပ်ကွင်းကျေးရွာကို ဖြတ် ၍ စမ္ပာယ်နဂိုရ်၊ မှတ်တော်မူနှင့် ဝက်သေကျေးရွာရှိ စာသင် ကျောင်းများတွင် ဆိုင်ကယ်ဖြင့် နေ့စဉ် သွားရောက်သင်ကြားရ သည့်အတွက် လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ဆရာဦးဇော်ထွန်း ဦးက ပြောသည်။
ဆရာများက အမှုဖွင့်ထားမှု နှင့်ပတ်သက်၍ ရိုက်နှက်ခဲ့ခြင်းမရှိဘဲ တရားရုံးတွင် ပြန်လည်ဖြေ ရှင်းမည်ဟု ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့် က ပြောကြားထားသည်။
‘‘ကျွန်တော်တို့ ဌာနအနေနဲ့ ကတော့ လိုအပ်လာရင် ခြိမ်း ခြောက်ခံရလို့ လုံခြုံမှုမရှိဘူးလို့ ခံစားလာရရင် လုံလုံခြုံခြုံ ရှိဖို့က တော့ ဆောင်ရွက်ပေးရမှာပါ။ တိုင်းပညာရေးမှူးက ဆရာတွေ လည်း ဖြစ်ဖြစ်ချင်းနေ့မှာ သွားပါ တယ်။ ပူးပေါင်းဆောင်ရွက်ပေး နေပါတယ်’’ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်အောင်မင်းက ပြောသည်။
ထို့အပြင် ဆရာ၊ ဆရာမ များအား လူမှုကွန်ရက်မှ ခြိမ်း ခြောက်သူများကိုလည်း ဥပဒေ ကြောင်းအရ အရေးယူမည်ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဆရာဦးမြတ်သီဟက ပြောသည်။
အရိုက်ခံရသည့် ဆရာသုံးဦး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဆရာအချို့ မေလ ၂၄ ရက်က မန္တလေးမြို့ တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့သည်။
7Day
0 comments:
Post a Comment