Tuesday, August 21, 2018

ကရင်နီ လူငယ်နှီးနှောဖလှယ်ပွဲကို အစိုးရ အကြောင်းကြားချက်အတိုင်း ဆောင်ရွက်မည်ဟုဆို

ကယားပြည်နယ် အ တွင်း ပထမအကြိမ်ပြုလုပ်မည့် ကရင်နီလူငယ်များနှီးနှောဖလှယ် ပွဲကို ပြည်နယ်အစိုးရအဖွဲ့၏ အကြောင်းကြားချက်အတိုင်း လိုက်နာဆောင်ရွက်မည် ဖြစ် ကြောင်းပွဲကျင်းပရေးဦးဆောင် သူမျာကဆိုသည်။


ပြည်နယ်အစိုးရ အဖွဲ့က သြဂုတ် ၁၉ ရက်စွဲဖြင့်ပေးပို့သည့် အကြောင်းကြားစာတွင် ကရင်နီ အမျိုးသားလူငယ်များအစည်းအ ရုံးကဦးဆောင်၍ လူငယ်များနှီး နှောဖလှယ်ပွဲကို ဆက်လက်ပြု လုပ်မည်ဆိုပါက ယင်းပွဲသို့ က ရင်နီ အမျိုးသားတိုးတက်ရေးပါ တီ (KNPP) အနေဖြင့် လုံးဝ တက်ရောက်ခြင်းမပြုရန်၊ KNPP တပ်ဖွဲ့ဝင်များလုံခြုံရေး  မပြုလုပ်ရန်နှင့် ဘာသာရေးအဆောက် အအုံတွင်ကျင်းပမှုမပြုရန် ဖော်ပြ ထားသည်။
ထို့အပြင် ယခင်ကရင်နီအ မျိုးသားလူငယ်အစည်းအရုံးတွင် ပါဝင်သော ခူတော်ရယ်သက်နှင့်  ခူတော်ရယ်ဒေးတို့ နှစ်ဦးကို ယင်းအစည်းအရုံးက နုတ်ထွက် ခွင့်ပြုရန် တက်ရောက်ခွင့်ပြုသည် ဟူ၍ အကြောင်းကြားစာပေးပို့ ခဲ့သည်။ ၎င်းတို့နှစ်ဦးသည်KNPP  ဗဟိုကော်မတီဝင်များ ဖြစ်သည်။
ပြည်နယ်အစိုးရအဖွဲ့၏ အ ထက်ပါ အချက်လေးချက်ကို လိုက်နာခြင်းမပြုပါက လူငယ်နှီး နှောဖလှယ်ပွဲကို လုံးဝကျင်းပခွင့် မပြုကြောင်း လုံခြုံရေးနှင့် နယ် စပ်ရေးရာ ၀န်ကြီးလက်မှတ်ထိုး ၍ ပေးပို့ခဲ့ကြောင်း ကရင်နီအမျိုး  သားလူငယ်အစည်းအရုံးတွဲဖက်  အတွင်းရေးမှူး မမော်မိုးမြာက ပြောသည်။
ထို့ကြောင့် လူငယ်နှီးနှော  ဖလှယ်ပွဲပြုလုပ်ရန် မူလကစီစဉ် ထားသည့် နေရာအစားရှားတော မြို့နယ် မြောက်ပိုင်းစုစည်းကျေး ရွာခန်းမတွင် သြဂုတ်၂၁ မှ ၂၄ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ကဖွင့်ပွဲနှင့် ပိတ် ပွဲနေ့များ၌ တက်ရောက်၍ အမှာ စကားပြောကြားပေးရန် အစီအ စဉ်တို့ကိုလည်း ပြောင်းလဲပေးခဲ့ ကြောင်း၎င်းကဆိုသည်။
‘‘အရင်နေရာကနေ မရွှေ့ချင်ဘူးပေါ့။ လူငယ်အများစုဆန္ဒ အရ ရေရှည်ပြန်စဉ်းစားပြီးတော့  ရွှေ့ပေးလိုက်တယ်။ အကုန် လုံးလိုက်လျောပေးလိုက်တယ်။ KNPP ကလည်း တက်ဖို့မရှိ တော့ဘူး။ ကျွန်မတို့ဘက်ကတော့  အဆင်မပြေမှုတွေ အများကြီးရှိ ပါတယ်။ ဒါပေမဲ့ သည်းခံရမှာပေါ့’’ ဟု မမော်မိုးမြာက ပြောသည်။
မူလက လူငယ်နှီးနှောဖ လှယ်ပွဲကို ရှားတောမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် အသင်းတော်ကျောင်းအစည်းအ ဝေးခန်းမတွင် သြဂုတ် ၂၀ မှ ၂၄ ရက်အထိ ငါးရက်ကြာပြုလုပ်မည် ဖြစ်ပြီး KNPP ကိုဖွင့်ပွဲနှင့် ပိတ် ပွဲနေ့များတွင် အမှာစကားပြော ကြားပေးရန်ဖိတ်ကြားခဲ့ခြင်းဖြစ် သည်။
ကရင်နီလူငယ်များနှီးနှော ဖလှယ်ပွဲပြုလုပ်ခွင့်ပြုလုပ်ရန် သြ ဂုတ် ၁၆ ရက်စွဲဖြင့်တင်ပြသည်ကို  ပြည်နယ်အစိုးရအဖွဲ့က သြဂုတ် ၁၇ ရက်စွဲဖြင့် နယ်လုံဝန်ကြီး လက်မှတ်ထိုးထားသည့် အ ကြောင်းပြန်စာတွင် အဆိုပါပွဲ၌ NCA လက်မှတ်ရေးထိုးရန် ကြိုး ပမ်းနေသည့်  KNPP ပါဝင်နေ သဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) ကခွင့်ပြုချက်ရရှိမှ သာ ဆောင်ရွက်သင့်၍  ခွင့်မပြု ကြောင်း ဖော်ပြထားသည်။

7Day

0 comments:

Post a Comment