Monday, August 20, 2018

နတ်ကစဉ် ဘုရားပူဇော်သည့် ဗုဒ္ဓတေးများ သီဆိုခြင်းမပြုရန် တားမြစ်

နတ်ကရာတွင် ဘုရား ပူဇော်သည့် ဗုဒ္ဓတေးများ သီဆို ခြင်းမပြုရန်အပါအဝင် လိုက်နာရမည့် စည်းကမ်းချက်များကို မြန် မာနိုင်ငံဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို)က ထုတ်ပြန်သည်။

သြဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဗဟိုနှင့် မန္တလေးတိုင်း ဒေသကြီးဒေဝါစည်းကမ်းထိန်း သိမ်းရေးကော်မတီတို့ တွေ့ဆုံ ညှိနှိုင်းပွဲတွင် နတ်ဒေဝါပညာရှင်များ လိုက်နာရမည့် စည်းကမ်း ချက်များ သတ်မှတ်ခဲ့သည်။
နတ်ကရာတွင် ဗုဒ္ဓတေးများ သီဆိုကပြခြင်းမပြုရန်၊ ယောက်ျား နတ် (ဥပမာ ပခန်းကိုကြီးကျော်) ကသည့်အချိန်တွင် မိန်းမသီချင်း များမသီဆိုရန်၊ မိန်းမနတ်က သည့်အချိန်တွင် ယောက်ျားသီ ချင်းများမဆိုရန်၊ သမားစဉ်နတ် သီချင်းများကို ဦးစွာသီဆိုပြီးမှသာ မိမိတို့ကပြလိုသည့်သီချင်းများကို သီဆိုကပြရန်၊ နတ်နန်းများတွင် သရုပ်ပျက်အဝတ်အစားများ ဝတ်
ဆင်ခြင်းမပြုရန် စသည့် စည်း ကမ်းချက်များသတ်မှတ်ထုတ်ပြန် ခဲ့သည်။
‘‘ဘုရားကို ပူဇော်တဲ့ ဗုဒ္ဓ တေးတွေ (ဥပမာ အောင်ခြင်းရှစ်  ပါးလို သီချင်း)နဲ့ ကနေတာတွေ ကြားနေရတဲ့အတွက် သက်ကြီး ဝါကြီးတွေနဲ့ တိုင်ပင်ပြီး ဗုဒ္ဓသီချင်း တွေကို လုံးဝဆိုခွင့်မပြုဖို့ တား မြစ်ခဲ့တယ်။ ဘဝသံသရာလို ဓမ္မ တေးတွေကိုတော့ သီဆိုခွင့်ပေးထားပါတယ်’’ဟု မန္တလေးတိုင်း ဒေသကြီးဒေဝါစည်းကမ်းထိန်း သိမ်းရေးကော်မတီဥက္ကဋ္ဌ ဦး အောင်မျိုးဆွေက ပြောသည်။
ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းသီချင်းကဲ့သို့သော နိုင်ငံရေး သီချင်းများကိုလည်း သီဆိုခြင်း မပြုရန် တားမြစ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါထုတ်ပြန်သတ်မှတ်ထား သည့် စည်းကမ်းချက်များကို နတ် နန်းများနှင့် ဆိုင်းဆရာများထံ ပေးပို့ထားကြောင်း ဦးအောင်မျိုး ဆွေက ဆိုသည်။
ထုတ်ပြန်သည့် တားမြစ် ချက်များသည် တောင်ပြုံးပွဲတော် တစ်ခုတည်းနှင့်သာ သက်ဆိုင် သည်မဟုတ်ဘဲ လာမည့် နတ်ပွဲ များတွင်လည်း အဆိုပါစည်းကမ်း ချက်များအတိုင်း လိုက်နာရမည် ဖြစ်သည်။
‘‘ပွဲတော်အတွင်း နတ်နန်း တွေအကုန်လုံးမှာ အထင်သေး တာကင်းဝေးအောင်၊ အထင်သေး၊ အမြင်သေး ကဲ့ရဲ့ခံရတာတွေ မဖြစ်အောင်ဆိုပြီးတော့ စည်းကမ်းချက်တွေ သတ်မှတ်ခဲ့တာ။ နတ်လောကသားတွေကို အများအမြင်မှာ အရိုသေမတန်စေဖို့ ဆောင်ရွက်တာပါ’’ဟု ဦးအောင် မျိုးဆွေက ရှင်းပြသည်။

ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို)ကို မြန်မာနိုင်ငံသဘင်ပညာ ရှင်များအစည်းအရုံး(ဗဟို)၏ ကော်မတီခွဲတစ်ခုအဖြစ် ၂၀၁၇ အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဒေဝါ စည်းကမ်းထိန်းသိမ်းရေးကော်မ တီကို ၂၀၁၈ မတ်လတွင် ဖွဲ့စည်း ခဲ့သည်။

7Day

0 comments:

Post a Comment