Thursday, September 27, 2018

ထောက်ကြန့် ခုံးကျော်တံတားဘတ်ဂျက် ပြန်သုံးသပ်ရန်အကြံပြု


ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ထားတဲ့ ထောက်ကြန့်ခုံး ကျော်တံတားဆောက်မယ့်ကိစ္စကို လာမယ့်နှစ် ဘတ်ဂျက်မှာ ရန်ကုန်တိုင်းအစိုးရက ထည့်သွင်းထားတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုလိုက်ပါတယ်။ 
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အခုလို အကြံပြု ဆွေးနွေးခဲ့ကြတာပါ။ 

အစီရင်ခံစာနဲ့ ဆွေးနွေးချက်တွေမှာ ထောက်ကြန့်ခုံးကျော်တံတား စီမံကိန်းဟာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ချက်အတည်ပြုပြီးသား ဖြစ်တဲ့အတွက် တိုင်းဒေသကြီး အစိုးရက ပြန်လည်သုံးသပ်ဖို့  ပြောဆိုလိုက်ကြတာဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။ 

ထောက်ကြန့်ခုံးကျော်တံတားကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းမှာ ကျပ် ၂ ဘီလီယံ အသုံးပြုတည်ဆောက်ဖို့ ယာထားပြီး ပြည်သူ့ငွေစာရင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တခြား စီမံကိန်းတခုခုကို ပြောင်းလဲ သုံးစွဲဖို့  အကြံပြုထားပါတယ်။ 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီတို့က အစီရင်ခံစာတွေ တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment