Sunday, September 30, 2018

ကွတ်ခိုင်-မူဆယ်လမ်းပိုင်းတွင် TNLA က ငွေတောင်း၍ ကားအစီးရေ ရာချီပိတ်ဆို့၊ တပ်မတော်နှင့် တိုက်ပွဲဖြစ်


လားရှိုးပြည်ထောင်စု လမ်းမ ကွတ်ခိုင်-မူဆယ်လမ်း ပိုင်းတွင် တအာင်းလက်နက်ကိုင် အဖွဲ့(TNLA)က အခွန်ငွေဟုဆို ကာ ကားများထံမှ ငွေတောင်း သောကြောင့် မပေးလိုသော ကားများက ရပ်တန့်ထားရာ ယင်းလမ်းပိုင်းတစ်လျှောက် ကားအစီးရေ ရာချီပိတ်ဆို့မှု ယမန်နေ့က ဖြစ် ပွားခဲ့သည်။ 
ကွတ်ခိုင်အဆင်း မန်ပြိန်းရွာ အနီးနှင့် မူဆယ်မြို့အနီး နမ့်အွမ် ရွာလမ်းဘေးတွင် TNLA က စက် တင်ဘာ ၂၉ ရက်နံနက်မှ ညအထိ လက်နက်အပြည့်အစုံ ကိုင် ဆောင်လျက် ငွေတောင်းနေ ကြောင်း ရဲတပ်ဖွဲ့နှင့် ယင်းလမ်း ပိုင်းအသုံးပြုခဲ့သည့် ယာဉ်မောင်း များက ပြောသည်။ 

‘‘TNLA အဖွဲ့က မန်ပြိန်းရွာ နားမှာ တောင်းတာကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပါ တယ်။ ကျွန်တော်တို့ကတော့ အဲဒီ နေရာကို သွားလို့မရခဲ့ဘူး’’ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ သေနတ်ကိုင်ဆောင်ထား ပြီး ယူနီဖောင်းအပြည့်အစုံဝတ် ဆင်ထားသည့် TNLA တပ်ဖွဲ့ဝင် များသည် ပြည်ထောင်စုလမ်းမ ဘေးတွင် စားပွဲခုံချ၍ ငွေတောင်း ခြင်းဖြစ်ပြီး ငွေပေးသောကားများ ကို ငွေလက်ခံရရှိကြောင်း ဗောက်ချာပြန်ပေးခဲ့ကြောင်း ယာဉ်မောင်းများက ပြောသည်။ ကုန်တင်ကား၊ ခရီးသည်တင်ကားနှင့် အိမ်စီးကားများကို အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ တောင်းယူကြောင်း ယာဉ်မောင်းများက ဆက်လက်ပြောကြားသည်။ 

‘‘ဗောက်ချာဖြတ်တာက သတ်သတ်၊ လုံခြုံရေးပေးတာက သတ်သတ်။ ဒီတစ်ခါတွေ့တာ တော်တော်လေး အင်အားများ တယ်။ ကားတွေက လမ်းဘေးမှာ ရော၊ ရွာထဲမှာရော ရပ်ထားကြတယ်။ လူမရှိတဲ့ကားတွေလည်း တွေ့တယ်’’ဟု TNLA တပ်ဖွဲ့ဝင်များ ကို စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်က နမ့်အွမ်ရွာအနီးတွင် တွေ့ခဲ့ရသည့်အခြေအနေအပေါ် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။ 

‘‘ကျွန်တော်က မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ စောင့် နေတာ။ ဒီလောက်အချိန်အများ ကြီးဆိုတော့ ထမင်းစားဖို့၊ အပေါ့၊ အလေးသွားဖို့ တော်တော်ခက်ခဲ ခဲ့တယ်။ နောက်ဆုံးရမလားဆိုပြီး ထွက်လိုက်တာ TNLA နဲ့တွေ့ပြီး သုံးသောင်းပေးလိုက်ရတယ်။ ကျွန်တော့်လို လူတွေအများကြီး ပဲ’’ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။ 

မန်ပြိန်းရွာအနီးနှင့် နမ့်အွမ် ရွာအနီး နေရာများကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ် သော်လည်း နမ့်အွမ်ရွာတွင် တပ်မ တော်စစ်ကြောင်း ပြန်သွားပြီး နောက် TNLA တပ်ဖွဲ့ဝင်များပြန် ရောက်လာကာ ငွေတောင်းခဲ့ သည်ဟု ယာဉ်မောင်းများက ပြောသည်။ နမ့်အွမ်ရွာအနီးတွင် ပြည် သူ့စစ်တစ်ဦးကို TNLA အဖွဲ့က ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ TNLA ပြောရေးဆိုခွင့် ရှိသူ တာအိုက်ကျော်သို့ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်သော်လည်း ပြန်လည်ဖြေဆိုခြင်းမပြုပေ။ 

ကားများထံမှ ငွေတောင်းခံ သည့်အကြောင်းကို TNLA က သတင်းမထုတ်ပြန်သော်လည်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ စက်တင်ဘာ ၂၉ ရက် ည ၉ နာရီ ခန့်အထိ တိုက်ပွဲဖြစ်ပွားနေ၍ ယင်းလမ်းပိုင်းသို့ မလာရန် ခရီးသည်နှင့် ယာဉ်မောင်းများက လူမှုကွန်ရက်မှ တစ်ဆင့် သတိပေးနေ သည်။ 


7Day

0 comments:

Post a Comment