Sunday, September 30, 2018

Yangon Innovation Center ဆောင်ရွက်မည့်ကုမ္ပဏီက ငါးနှစ်အတွင်း ဒေါ်လာတစ်သန်းကျော် အသုံးပြုမည်

Yangon Innovation Center ဆောင်ရွက်မည့် ကုမ္ပဏီ က ငါးနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းအသုံးပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော် ပန်းသဉ္ဇာမျိုးကပြောသည်။ 
ရန်ကုန်ဆန်းသစ်တီထွင်မှု စင်တာ (Yangon Innovation Centre) ကို ရန်ကုန်မြို့ ဆိပ် ကမ်းမြို့နယ် ကျန်းမာရေးဆိပ် ကမ်းဝင်းအတွင်းရှိအဆောက်အ အုံအပေါ်ထပ်တွင်ဖွင့်လှစ်ရန် ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Seedstars ကုမ္ပဏီတို့သဘောတူ ညီပြီးဖြစ်သည်။ 

စက်တင်ဘာ ၂၈ ရက်ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေး၌ ကျောက်တံတားမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါ်မြလှစံက Yangon Innovation Center ကိုမည်သည့် ကာလတွင်တည်ဆောက်ပြီးသင် တန်းများပေးကာ မည်ကဲ့သို့အ ကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ 

Seedstars ကုမ္ပဏီသည် Yangon Innovation Center ကို BOT စနစ်ဖြင့် ငါးနှစ်နှင့်သက် တမ်းတိုး ၂နှစ်စုစုပေါင်းခုနစ်နှစ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ 

‘‘သဘောတူညီချက်မှာ ကန ဦး မ,တည်ရင်းနှီးငွေ ဒေါ်လာ ၂၅၀,၀၀၀ ဖြင့်အသုံးပြုမည့်နေရာ ပြင်ဆင်ဖို့၊ငါးနှစ်အတွင်းလုပ်ငန်း ဆောင်တာများအတွက် ၁ဒသမ ၁သန်း အသုံးပြုဖို့၊ ကျောင်းသား၊ ကျောင်းသူများအတွက်သုံးပြုမှု ကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင် နှုန်းလျှော့ပေးရန်တို့ ပါဝင်ပါတယ်’’ ဟု ၀န်ကြီးနော်ပန်းသဉ္ဇာ မျိုးကပြောသည်။ 

ကျောင်းသားများအတွက် စွန့်ဦးတီထွင်ခြင်းဆိုင်ရာ သင် တန်း Seedstars Academy ကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ရန်၊ ငါးနှစ်အတွင်းလုပ်ငန်းအသေး (Star - Up) ၅၀ တွင်ရင်းနှီးမြှုပ်နှံ ရန်၊အခြားရင်းနှီးမြှုပ်နှံမည့်သူများ ချိတ်ဆက်ခေါ်ဆောင်ရန်၊ အပတ် စဉ်စွန့်ဦးတီထွင်၊ ဆန်းသစ်ခြင်း ဆိုင်ရာပွဲများ ပြုလုပ်ပေးရန်တို့ ပါဝင်ကြောင်း၎င်းကဆိုသည်။ 

လက်ရှိ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရနှင့် သဘောတူညီထား သော Seedstars ကုမ္ပဏီသည် နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် စွန့်ဦး တီထွင်ခြင်းနှင့် သက်ဆိုင်ရာ ၀န် ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အခြားဂေဟစနစ် ပံ့ပိုးမှုများလုပ် ဆောင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့၌ ပြုလုပ်မည့် Innovation Center လုပ်ငန်းမျိုး ကို အခြားနိုင်ငံ ၁၀ ခုတွင်ပြုလုပ် ဖူးသည့် အတွေ့အကြုံရှိသည်ဟု ၎င်းကဆိုသည်။ 

7Day

0 comments:

Post a Comment