Sunday, September 30, 2018

အောင်မြင်ခဲ့တဲ့ ဝေလရဲ့ ပွဲဦးထွက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ


ဝလ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် ပရိသတ်များထံမှ တောင်းထားသော ဓာတ်ပုံများကို ဖျော်ဖြေပွဲခေါင်းစဉ်ဖြစ်သည့် ၃၆၀ သီချင်းသီဆိုချိန်၌ နောက်ခံ ပရိုဂျက်တာတွင် ပြသခဲ့သည်။ 
ယင်းဖျော်ဖြေပွဲတွင် ပရိသတ်များနှင့် အမှတ်တရအစီအစဉ်အဖြစ် ဖော်ပြနိုင်ရန် ဝေလက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ၎င်းနှင့် တွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပေးပို့စေခဲ့သည်။ ဝေလ၏ ‘Live in 360’ ဟု အမည်ပေးထားသည့် ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၉ ရက်ညက ပြုလုပ်ခဲ့ပြီး ဖျော်ဖြေမှုအစီအစဉ် များကို အပိုင်းသုံးပိုင်းခွဲ၍ တင် ဆက်ခဲ့သည်။ 

ဖျော်ဖြေပွဲတွင် ဝေလ၏ ပင်တိုင် Band ဖြစ်သည့် Runner နှင့်အတူ ဂီတကဗျာ သံစုံတီးဝိုင်း က သီချင်းအားလုံးကို တီးခတ်ပြီး သီချင်း အပုဒ် ၂၀ ကျော် သီဆိုခဲ့သည်။ 

ဝေလ၏ ပထမဆုံး တစ်ကိုယ်တော်ခွေ ၁၉၈၂ တေးစီးရီး မှ ၁၉၈၂ သီချင်းကို ဖျော်ဖြေပွဲ အဖွင့်သီချင်းအနေဖြင့် စတင်သီဆိုခဲ့ပြီး ပိုပိုဟေသာက ၃၆၀ သီချင်းတွင် Featuring ပါဝင် သီဆိုခဲ့သည်။ 

ဖျော်ဖြေပွဲလက်မှတ်များ ပွဲမကျင်းပမီ ရက်ပိုင်းကတည်းက ကုန်သွားသောကြောင့် လာ ရောက်ကြည့်ရှုသည့် ပရိသတ် များပြားပြီး ပွဲကျင်းပသည့် အမျိုး သားကဇာတ်ရုံသည် ပူအိုက်လွန်း သည်ဟု ပရိသတ်များက ပြောသောကြောင့် သည်းခံပေးရန် ဝေလက ပြောကြားသည်။ 

ဖျော်ဖြေပွဲ၏ နှုတ်ဆက် သီချင်းအဖြစ် ‘လူဖြစ်ခွင့်ပေးပါ’ သီချင်းကို သီဆိုခဲ့ပြီး ယင်းသီချင်း သီဆိုချိန်၌ နောက်ခံပရိုဂျက်တာ တွင် ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသား၏ ဖြစ်တည်မှုဗီဒီယို ဖိုင်ကို ပြသပေးခဲ့ကာ နောက်ဆုံး တွင် ၎င်းနှင့် ရင်းနှီးသည့် အနု ပညာရှင်များ၏ မိသားစုဓာတ်ပုံ များ ပြသပေးခဲ့သည်။ 

နောက်ဆုံး သီချင်းသီဆိုပြီး ချိန်တွင် ထပ်မံသီဆိုပေးရန် ပရိသတ်များက တောင်းဆိုသော် လည်း ဝေလက ၎င်း၏ အဖွဲ့သားများနှင့်အတူ ပရိသတ်များကို ဂါရဝပြု နှုတ်ဆက်၍ ပွဲသိမ်းခဲ့သည်။ 

မိဘမဲ့ဂေဟာတစ်ခုအတွက် ရည်ရွယ်၍ ကျပ်သုံးသိန်းတန် လက်မှတ်များလည်း ရောင်းချခဲ့ပြီး အဆိုပါ လက်မှတ်ရောင်းချရသည့် ငွေအားလုံးကို မိဘမဲ့ ဂေဟာသို့ လှူဒါန်းခဲ့သည်။

7Day

0 comments:

Post a Comment