Sunday, September 30, 2018

ဘင်္ဂါလီများ နေရပ်ပြန်နိုင်ရေး အာဆီယံက မြန်မာကို ကူညီမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော



အာဆီယံအသိုင်းအဝိုင်းသည် ဘင်္ဂါလီများ နေရပ်ပြန်နိုင် ရေး မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘ လာခရစ်ရှ်နန်က ပြောကြားသည်ဟု The Straits Times သတင်းဌာနက ဖော်ပြသည်။ 


စင်ကာပူနိုင်ငံသည် အာဆီ ယံ၏ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားပြီး အထက်ပါနိုင်ငံ ခြားရေးဝန်ကြီးက ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက် ရန် နယူးယောက်သို့ ရောက်ရှိနေ စဉ် ယမန်နေ့က စင်ကာပူမီဒီယာ များအား ယင်းသို့ ထည့်သွင်းဖြေ ကြားသည်။ 



‘‘အာဆီယံအနေနဲ့ ဒီဖြစ်စဉ် (နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး) လွယ်ကူချောမောဖို့ မြန်မာအစိုးရနဲ့အတူ အလုပ်လုပ် သွားမှာပါ’’ဟု ဝန်ကြီး ဘလာ ခရစ်ရှ်နန်က ပြောသည်။ 



သို့ရာတွင် အာဆီယံသည် လာမည့်ရက်သတ္တပတ်၊ လများအတွင်း မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်မည် ဖြစ်ပြီး မြန်မာအစိုးရက ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) အရေး တာဝန်ယူမှုရှိစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက် တွန်းသည်။ 



မြန်မာအစိုးရက နေရပ်စွန့်ခွာသူများကို လုံခြုံစွာ၊ ငြိမ်းချမ်းစွာ၊ တရားမျှတစွာ ပြန်လည်ဝင် ရောက်ရန် အာမခံရမည်ဖြစ်ပြီး ၎င်းတို့အတွက် အလားအလာ ကောင်းများ ရှိရမည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ သို့သော် ရခိုင်ပြည်နယ်အ ရေးသည် နှစ် ၂၅၀ ခန့် ဖြစ်တည် လာခဲ့သဖြင့် အခြေခံအကြောင်း တရားများမပါဝင်ဘဲ ပြဿနာ များ ပြေလည်အောင် ဖြေရှင်းနိုင် မည်မဟုတ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး သတိပေး သည်။ 



‘‘နိုင်ငံရေးအရ ရေရှည်အ ဖြေရှာရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်သိမြင်ထားပါတယ်’’ ဟု ၎င်းက ဆိုသည်။ 



အာဆီယံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အ တည်ပြုထားသည့် မြန်မာအရေး လွတ်လပ်သော ယန္တရားအသစ် ဖွဲ့စည်းမှုကို ထောက်ခံသည်။ အဆိုပါ ယန္တရားသစ်သည် မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆိုးရွား သည့် နိုင်ငံတကာပြစ်မှုများ၏ သက်သေများကို စုဆောင်းရှာဖွေ ရန်ဖြစ်သည်။ 



‘‘ဒီယန္တရားသစ်က သမာ သမတ်ရှိစွာ၊ မြန်ဆန်ထိရောက် စွာ၊ အမှီအခိုကင်းစွာ ဆောင်ရွက် နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ နောက်ပြီး တာဝန်ရှိတဲ့ သူတွေကို အပြည့်အဝ တာဝန်ခံ နိုင်စေဖို့လည်း ဖြစ်ရပါမယ်’’ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 



Ref: The Straits Times
7Day

0 comments:

Post a Comment