Sunday, September 30, 2018

ဥရောပကိုကူးရန် ကြိုးပမ်းသည့် ရွှေ့ပြောင်း ၂၇၆ ဦးကို စပိန်ကယ်ဆယ်


မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကိုကူးဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းလာသူ ၂၇၆ ဦးကို စပိန်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ ကယ်ဆယ်ခဲ့ပါတယ်။ 
အဲဒီနောက် ရွှေ့ပြောင်းလာသူ ၁၀၆ ဦးဟာ စပိန်နိုင်ငံတောင်ပိုင်း မော်ထရီယူ ဆိပ်ကမ်းမြို့ကို အန္တရာယ်ကင်းစွာ ရောက်လာခဲ့ပါတယ်။ 

အဲဒီထဲမှာ အမျိုးသမီး ၂၇ ဦးနဲ့ ကလေး ၉ ဦးတို့ ပါဝင်ပြီး သူတို့ဟာ အာဖရိက ဆာဟာရ အောက်ပိုင်းဒေသနဲ့ အာရှဒေသတို့က ဖြစ်တယ်လို့ သိရပါတယ်။ 

ကျန် ရွှေ့ပြောင်းလာသူ ၁၇၀ ကိုတော့ စပိန်အရှေ့တောင်ပိုင်း အယ်မီရီယာမြို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဆိုပါတယ်။ 

အဲဒီ ပြောင်းရွှေ့လာသူတွေကို မြေထဲပင်လယ် အနောက်ယွန်းယွန်း အယ်လ်ဘိုရန် ပင်လယ် ရေပြင်မှာ လှေငယ် ၅ စီးနဲ့ မျောနေတာကို တွေ့ရှိခဲ့တာပါ။ 

အဲဒီအတွက် စပိန်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က သူတို့ကို ကယ်ဆယ်ခဲ့တာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment