Sunday, September 30, 2018

မြန်မာလုပ်သားသေဆုံးမှု အဖြစ်မှန် ပေါ်ပေါက်ရန်နှင့် တာဝန်ရှိသူများကို အရေးယူရန် တောင်ကိုရီးယားတွင် မြန်မာ ၃၀၀ ကျော် ဆန္ဒထုတ်ဖော်


တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၏ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် မြန်မာလုပ်သား ကိုသန်းဇော်ဌေး တိုက်ပေါ်မှ ပြုတ်ကျပြီး သေဆုံးမှုအတွက် ဖြစ်ရပ်မှန်ဖော်ထုတ်ပေးရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် တောင်ကိုရီးယားမှ လူမှုအဖွဲ့အစည်း ၇၀ ကျော်နှင့် မြန်မာလုပ်သား ၃၀၀ ခန့်က ယမန်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ 
တောင်ကိုရီးယားနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ကိုရီးယားရှိ ပြည်ပအလုပ်သမားများအပါအ၀င် မြန်မာလုပ်သား ၃၀၀ ခန့်ကအင်ချွန်းမြို့ရှိ ဘူဖြောင်းဘူတာရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ဦးဆောင်သူ ကိုစိုးမိုးသူက ပြောသည်။ 

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများသည်ဩဂုတ် ၂ ရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသော တရားမ၀င်မြန်မာလုပ်သားများကို အကြမ်းဖက်ဖမ်းဆီးရာတွင် ကိုသန်းဇော်ဌေးသည် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်းကိုစိုးမိုးသူက ပြောသည်။ 

ထို့အပြင် ပြုတ်ကျခဲ့သော ကိုသန်းဇော်ဌေးကို တာဝန်ရှိသူ များက ဆေးရုံသို့ချက်ချင်းပို့ ဆောင်ခြင်းမရှိဘဲ တာဝန်ပျက် ကွက်ခဲ့ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။ 

‘‘တောင်ကိုရီးယားနိုင်ငံမှာ တရားမ၀င်လုပ်သားတွေ ဖမ်း မယ်ဆိုရင် ပြဋ္ဌာန်းချက်တွေရှိ တယ်။ အရင်ဆုံးဖမ်းဆီးမယ့်နေ ရာမှာ ဘာတွေလဲဆိုတာအရင် ဆုံးလေ့လာရတယ်။ အောက်ကို ပြုတ်ကျသွားနိုင်လားဆိုတာမျိုး ပေါ့။ အခုမြန်မာလုပ်သားပြုတ် ကျသေဆုံးရတာလည်း အဲဒီလို ကြောင့်ဖြစ်သွားတယ်’’ ဟု ကိုစိုး မိုးသူက ပြောသည်။ 

ကိုသန်းဇော်ဌေးအတွက် ဆန္ဒပြရာတွင် တောင်ကိုရီးယား နိုင်ငံလူ့အခွင့်အရေးကော်မရှင် လာရောက်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ် သက်၍ ၎င်းတို့အဖွဲ့အစည်းထံ တိုင်ကြားရန် ပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

ဩဂုတ် ၂ ရက်တွင် တောင် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးအ ဖွဲ့က ကင်မ်ဖိုမြို့ရှိမြန်မာလုပ် သားများ အလုပ်လုပ်ကိုင်နေ သော ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကို လာရောက်စစ်ဆေးခဲ့ သည်။ ထိုသို့စစ်ဆေးရာ အသက် (၂၆)နှစ်အရွယ် ကိုသန်းဇော်ဌေး သည် ဖမ်းဆီးခံရမည်စိုးရိမ်၍ တိုက်ပေါ်မှ ခုန်ချထွက်ပြေးရာမှ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာပြင်း ထန်စွာရရှိသောကြောင့် အင်ချွန်း မြို့ရှိ ဆေးရုံ၌ စက်တင်ဘာ ၉ ရက်တွင် ကွယ်လွန်ခဲ့သည်။ 

ကိုသန်းဇော်ဌေး၏ ကိုယ် ခန္ဓာအစိတ်အပိုင်းများကို အသုံး ပြုရန် ကိုရီးယားနိုင်ငံသားလေးဦး ထံ လှူဒါန်းခဲ့ကြောင်း တောင်ကို ရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment