Sunday, September 30, 2018

အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပုံကို ပြောတဲ့ရွှေသမီး


စိတ်ဓာတ်ကျ၊ စိတ်ညစ်သည့်အခါများတွင် စိတ်နှင့်သာအနိုင်ယူပြီး ခက်ခဲသည့်ကိစ္စများကို လူကြီးများနှင့် တိုင်ပင်ဖြေရှင်း လေ့ရှိကြောင်း သရုပ်ဆောင်ရွှေသမီးက ပြောသည်။
‘‘တွေးပြီးတော့မှ ရင်ဆိုင်ပါ။ အရမ်းကြီး ပြောတဲ့သူကတော့ ပြောမှာပဲ။ အဲဒီပြောတဲ့သူတွေကို အာရုံစိုက်နေရင် ကိုယ်ဖြစ်နေတဲ့ ပြဿနာက ဖြေရှင်းမရဘဲနဲ့ ပိုပြီး စိတ်ဓာတ်ကျစရာ ဒီပရက်ရှင်တွေ ပဲ ဝင်လာလိမ့်မယ်။ တိုင်သင့်ရင် တိုင်ရမယ်၊ ပြန်တိုက်သင့်ရင် တိုက်ရမယ်။ ကိုယ့်ကို လာတိုက် ခိုက်တိုင်း အမြဲတမ်းကြီးလျစ်လျူ ရှုပြီး ငြိမ်နေတာက တစ်ခါတလေ ကျ အလုပ်မဖြစ်ဘူး။ တစ်ခါတ လေကျလည်း အလုပ်ဖြစ်တယ်။ တစ်ခါတလေ ပြန်တိုက်သင့်တဲ့ အရာကျရင်တော့ ပြန်တိုက်သင့် တယ်လို့ ထင်တယ်’’ဟု ၎င်းက ပြောသည်။ 

အသက်(၂၃)နှစ်ရှိပြီဖြစ်သဖြင့် ယခင်ကလို ကလေးမဆန် တော့ဘဲ မိသားစုကို လုပ်ကျွေးရင်း ကြံ့ကြံ့ခံပြီး ရပ်တည်နေကြောင်း ရွှေသမီးက ပြောသည်။ 

‘‘ကလေးလိုပဲ နေလို့မရ တော့ဘူး။ အလုပ်ရှိရင် အလုပ် လုပ်တယ်၊ အလုပ်မရှိရင် ကလေးလိုနေတယ်။ ကိုယ်စိတ်ရှိသလို လေးပေါ့။ သတိလေးနဲ့ပျော် တယ်၊ ကဲတယ်။ အဲဒီလိုလေးပဲ ရပ်တည်ပါတယ်။ ဒီအသက်အ ရွယ်မှာ ပညာတော့ မစုံသေးပေ မယ့် ကိုယ်တတ်ကျွမ်းတဲ့အလုပ် ကလေးနဲ့ မိသားစုကို ထောက်ပံ့ နေရတယ်၊ ကိုယ့်မိဘကို ရှာကျွေး နေရတဲ့အတွက် အခု ရပ်တည်မှု ကို ကြိုက်တယ်။ ပျော်လည်း ပျော်တယ်’’ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် ဒါရိုက်တာ စတီးလ်ရိုက်ကူးသည့် ‘အလျှံပယ်’ ဇာတ်ကားတွင် စက်ရုံ၌ အလုပ်လုပ်သည့် မိန်းကလေးတစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်နေ သည်။ 

‘‘တခြားသူတွေထက် ခက်ခဲတဲ့အပိုင်းလေးတွေ ရှိတယ်ပေါ့။ ပြင်ဆင်မှုကတော့ ဦးစတီးလ်နဲ့ တိုင်ပင်ပြီး ဘယ်လိုအက်တင်နဲ့ ဘယ်လိုပုံစံမျိုး ဝတ်မယ်ဆိုတာကို တိုင်ပင်ထားတယ်။ စီနီယာတွေ အများကြီးပါတဲ့အတွက်၊ သူတို့နဲ့ တွဲပြီး အလုပ်လုပ်ရတဲ့အတွက် အရမ်းပညာရတယ်’’ဟု ၎င်းက ပြောသည်။ 

အဆိုပါ ဇာတ်ကားသည် အမျိုးသမီးများ အမှီအခိုကင်းကင်းနှင့် နေထိုင်နိုင်ပြီး အများနည်းတူ အလုပ်လုပ်ရင်း ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနိုင် ကြောင်း ရိုက်ကူးတင်ပြသည့် ဇာတ်လမ်းဖြစ်ကြောင်း ရွှေသမီး က ပြောသည်။


7Day

0 comments:

Post a Comment