Sunday, September 30, 2018

ဒေါ်လာဈေးကစားသူများကို ထပ်မံဖမ်းဆီးရန်လုပ်နေဟု စစစ ညွှန်ကြားရေးမှူးပြော



ဒေါ်လာဈေးကစားသူ ၄ ယောက်ကို ဖမ်းဆီးအရေးယူထားပြီး ၁ ယောက်ကို တရားခံပြေးအဖြစ် သတ်မှတ်ထားသလို နောက်ထပ်ဈေးကစားသူတွေကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။ 
“စစ်ဆေးမှုလုပ်နေတဲ့ ကိစ္စတွေက မပြီးသေးဘူး၊ နောက်ထပ်လည်း ခေါ်ယူစစ်ဆေးရမယ့် လူတွေရှိသေးပါတယ်။ စစ်ဆေးဆဲကာလဆိုတော့ အတိအကျ ပြောလို့တော့ မရသေးပါဘူး။ ကျနော်တို့လုပ်ဆောင်ရမယ့်အပိုင်းတွေ ကျန်သေးတယ်။ လက်တလောတော နောက်ထပ် အဲ့ဒီလူတွေကို စစ်ဆေးနိုင်အောင် လုပ်နေပါတယ်” 

၁​ ဒေါ်လာကို ၁၆၀၀ ကော်ျထိ စံချိန်တင် ဒေါ်လာဈေး မြင့်တက်ခဲ့လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဈေးကစားသူတွေကို စိစစ်အရေးယူမယ်လို့ ပြောဆိုခဲ့ပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) အဖွဲ့က ဒေါ်လာဈေးကစားသူတွေကို စက်တင်ဘာ ၂၃ ရက်မှာ စတင်ခေါ်ယူစစ်ဆေးခဲ့တာပါ။ 

ဖမ်းဆီးစစ်ဆေးခဲ့တဲ့သူတွေကတော့ ရွှေဘုံသာလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းတို့မှာ ငွေလဲကောင်တာ ဖွင့်လှစ်ရောင်းဝယ်လုပ်ကိုင်နေတဲ့ လူတချို့လို့ ဆိုပါတယ်။ 

“အခုလောလောဆယ် ဖမ်းဆီးစစ်ဆေးနေတာကတော့ ၄ ဦးပေါ့။ တစ်ယောက်ကိုတော တရားခံပြေးအဖြစ် ကြေညာပြီး ဖမ်းဆီးနိုင်အောင်လုပ်နေတယ်။ အခုဖမ်းဆီးထားတဲ့သူတွေက ဒေါ်လာ ဘယ်လောက်ပမာဏကို အရောင်းအဝယ်လုပ်ပြီး ဈေးကစားတယ်ဆိုတာ တော့မဟုတ်ဘူး၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ငြိစွန်းလို့ ဥပဒေအရ အရေးယူရတာပါ” လို့ ဦးအောင်မျိုးက ပြောပါတယ်။ 

လက်ရှိဖမ်းမိထားတဲ့ ၄ ဦးကိုတော့ ကျောက်တံတား၊ ပုဇွန်တောင်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွေမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ၄၂၊ ၄၃ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ 

ဒီပုဒ်မတွေအရ ပြစ်ဒဏ်ချမယ်ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ၂ ခုလုံးကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုဖမ်းဆီးလိုက်တဲ့နောက်ပိုင်း အပြင်မှာ အရောင်းအဝယ်လုပ်နေတာတွေ ရပ်တန့်သွားသလို ဒေါ်လာဈေးလည်း ၁၅၀၀ ကျော်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။


DVB

0 comments:

Post a Comment