Sunday, September 30, 2018

နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့်ပြုရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့ တောင်းဆို

နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့် အမြန်ဆုံးခွင့်ပြုပေးရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့က တောင်းဆိုသည်။ ငါးနှစ်ကိုးလကြာ ရေးဆွဲ အတည်ပြုခဲ့သည့် ကွန်ဒိုမီနီယံ ဥပဒေ၊ နည်းဥပဒေများထွက်လာ သော်လည်း ဥပဒေကျင့်သုံးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန် လိုအပ်နေခြင်းကြောင့် နိုင်ငံခြားသားများကို လက်ရှိအချိန်အထိရောင်းချနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းခွန်နောင်က ပြောသည်။ 
‘‘နိုင်ငံခြားသားတွေက ဒီနေ့အထိ ၀ယ်ခွင့်မရသေးဘူး’’ဟု ဦးစိုင်းခွန်နောင်က ပြောသည်။ ကော်မတီဖွဲ့စည်းရေးနှင့် ပတ် သက်၍လည်း အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရန် ၎င်းက မျှော် လင့်နေသည်။ 

ကွန်ဒိုဥပဒေတွင် နိုင်ငံခြားသားများဝယ်ယူပိုင်ဆိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထား သည်။ နိုင်ငံခြားသားများဝယ်ယူ ရင်းနှီးမြှုပ်နှံမည်ဆိုပါက တည် ဆောက်ရေးလုပ်ငန်းများအတွက် လည်း ရင်းနှီးငွေများရရှိမည်ဟု MKT ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ 

မြန်မာနိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများသည် အခွန်နှုန်းထားကြီးခြင်း၊ ဘဏ်အတိုးနှုန်းများခြင်းနှင့် အိမ်ခြံမြေဈေးကွက်တွင် ၀ယ်ယူရင်းနှီးမြှုပ်နှံမှုနည်း ခြင်းတို့ကြောင့် အခက်အခဲများရှိ နေကြောင်း ၎င်းကဆိုသည်။ 

ငွေကြေးချမ်းသာသူအချို့က ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှုကျဆင်းပြီး အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာသော် လည်း ဈေးကွက်တစ်ခုလုံး အ ရောင်းအ၀ယ် အေးနေသည်ဟု iMyanmar House.com မန်နေး ဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်း ၁,၀၀၀ ခန့်တန်ဖိုး ရှိ ခြံမြေများနှင့် ကျပ်သိန်း ၃,၀၀၀မှ ၄,၀၀၀ အကြားတန်ဖိုးရှိအိမ် ခြံမြေအချို့အရောင်းအ၀ယ်အ နည်းငယ်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ 

အရောင်းအ၀ယ်အေးသော်လည်း ၀ါကျွတ်ကာလနီးကပ်လာ ခြင်းကြောင့် အိမ်ငှားဈေးကွက်အနည်းငယ်ပြန်လည်အသက်ဝင် လာသည်ဟု ဦးနေမင်းသူက ပြောသည်။ အများဆုံးငှားလိုသည့် နှုန်းထားများက ကျပ် ၃၀၀,၀၀၀ အောက် တိုက်ခန်း၊ အိမ်ခန်းများ ဖြစ်ပြီး ကျပ် ၃၀၀,၀၀၀ မှ ကျပ်၅၀၀,၀၀၀ အကြားက ဒုတိယလိုက်ကြောင်း၎င်းကပြောသည်။ 

သို့သော် နိုင်ငံခြားသားများ ပြည်တွင်းလာရောက်မှုနည်းခြင်း၊ စီးပွားရေးလုပ်ငန်းများလျော့နည်း ခြင်းကြောင့် ရုံးခန်းများဖွင့်လိုသည့် လုံးချင်းအိမ်ငှားရမ်းလိုမှုက ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်ဟု ဆိုသည်။

7Day

0 comments:

Post a Comment