Sunday, September 30, 2018

ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်  ဖျက်ဆီးနေဟု မာကယ်လ် သတိပေး



အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဟာ ကုလသမဂ္ဂကို ဖျက်ဆီးနေကြောင်း ဂျာမနီအဓိပတိ အန်ဂျလာ မာကယ်လ် က စက်တင်ဘာ ၃၀ ရက်နေ့ မှာ သတိပေးပြောဆိုလိုက်ပါတယ်။ 
အသစ်ဖြစ်ထွန်းလာမှုမျိုးမရှိဘဲ တစ်ခုခုကို ဖျက်ဆီးနေတာဟာ အလွန့် အလွန် အန္တရာယ်များတယ်လို့  မိမိယုံကြည်ပါကြောင်း ဘာဗာရီးယားမှာ ပြုလုပ်တဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ မဲဆွယ်အခမ်းအနားတစ်ခုမှာ မာကယ်လ်က ပြောဆိုခဲ့ပါတယ်။ အများပါဝင်တဲ့ဝါဒဟာ ကမ္ဘာ့ ပြဿနာများစွာအတွက် ဖြေရှင်းချက်ဖြစ်တယ်လို့  မိမိယုံကြည်ကြောင်းလည်း သူက ပြောဆိုပါတယ်။ ထရန့် ဟာ နှစ်ဖက်စလုံး အရှုံးမရှိတဲ့ win-win ဖြေရှင်းချက်တွေအတွက် ဖြစ်နိုင်ဖွယ်ရာအနေအထားကို ရှုမြင်သုံးသပ်ဖို့  ပျက်ကွက်ခဲ့ပြီး အဲဒါအစား နိုင်ငံတကာ စေ့စပ်ဆွေးနွေးမှုတွေကနေ တစ်ဦးတည်းအနိုင်ရယူမှုမျိုးကိုသာ အာရုံစိုက်ခဲ့သူဖြစ်ကြောင်း မာကယ်လ် က ဝေဖန်ပါတယ်။ 


ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထရန့် က ပြောဆိုရာမှာ သူ့ ရဲ့  အစိုးရအဖွဲ့ ဟာ ကမ္ဘာလုံးဆိုင်ရာ အိုင်ဒီယိုလော်ဂျီကို လက်မခံကြောင်းနဲ့  တိုင်းချစ်ပြည်ချစ်စိတ် အိုင်ဒီယိုလော်ဂျီကိုသာ နှစ်သက်လက်ခံကြောင်း ဆိုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးဟာ သြဇာလွှမ်းမိုးဖို့ နဲ့ အကျပ်ကိုင်ဖို့  ဖန်တီးထားတဲ့ ပုံစံတစ်ခုသာဖြစ်ပြီး တာဝန်ခံမှုရှိတဲ့ နိုင်ငံတွေက ဒါကို ဆန့်ကျင်ကာကွယ်ရမယ်လို့  ထရန့် က ဆိုခဲ့ပါတယ်။ 
ကိုလင်း(အကုန်သိ သတင်းဌာန)



0 comments:

Post a Comment