Sunday, September 30, 2018

ရေဦးမြို့ ဆစ်(ခ်) ဘုရားရှိခိုးကျောင်းရှိ ဆိုင်ခန်းများ ဖယ်ပေးရန် ဆန္ဒပြ


စစ်ကိုင်းတိုင်း ရေဦးမြို့မှာရှိတဲ့ ဆစ်(ခ်) ဘုရားရှိခိုးကျောင်း တိုက်တန်းက ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့အတွက် မြို့ခံဆစ်ဘာသာဝင်တွေက စက်တင်ဘာ ၂၉ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ 
ရေဦးမြို့က ဆစ်(ခ်) ဘုရားရှိခိုးကျောင်း ဆိုင်ခန်းတွေကို ၁၉၉၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ခဲ့စဉ်က ဆိုင်ခန်းခတွေကို ဘုရားကျောင်းရန်ပုံငွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ဆိုင်ခန်းငှားရမ်းသူတွေက ရန်ပုံငွေပေးဆောင်ခြင်းမရှိတော့တာကြောင့် ဖယ်ရှားပေးဖို့ ဆန္ဒထုတ်ဖော်ရတာလို့ ဘုရားကျောင်းဥက္ကဋ္ဌက ပြောပါတယ်။ 

လက်ရှိဘုရား ရှိခိုးကျောင်းမျက်နှာစာမှာ ဆိုင်ခန်းပေါင်း ၂၀ ရှိပြီး ဆစ်ဘုရားကျောင်းဝန်း မျက်နှာစာမှာ ပိတ်ဆို့နေတဲ့ ဆိုင်ခန်းတွေ ဖယ်ရှားပေးဖို့နဲ့ ဆစ်(ခ်)ဘာသာဝင်တွေကို ဥပဒေကြောင်းအရ မျှတစွာကာကွယ်ပေးရေး ဆိုတဲ့ အချက် ၂ ချက်ကို တောင်းဆိုခဲ့ပါတယ်။ 

ရေဦးမြို့မှာ ဆစ်ဘာသာဝင် ၆၀ လောက်ရှိပြီး အခုဆန္ဒထုတ်ဖော်မှုကို ရေဦးမြို့ ဗိုလ်ချုပ်လမ်းတလျှောက်မှာ ပြုလုပ်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment