Saturday, September 29, 2018

ပရဟိတမင်းသား ဝေဠုကျော် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်မည့်ကိစ္စကို ဖြေရှင်း


ပြည်သူများတောင်းဆိုလာမည်ဆိုပါက နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ရန် အခက်အခဲမရှိကြောင်း ရုပ်ရှင် သရုပ်ဆောင် ဝေဠုကျော်မှဖွင့်ဟဆိုသည့်ခေါင်းစီးဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အင်တာဗျူးစာသား များမှာ မှန်ကန်ခြင်းမရှိကြောင်း ဝေဠုကျော်၏ ဖခင်ဖြစ်သူက မဇ္ဈိမသို့ ပြောသည်။ 
“ ဒါတွေက ကိုယ်ဖြေထားတာမဟုတ်ဘူး။ သူ့တို့ဘာသာသူတို့ ကောက်နှုတ်ချက်ဆိုပြီးပြောထားတာ။ ဘယ် တုန်းက ပြောတဲ့ ဘာတွေကို တင်ထားမှန်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီစကားတွေ မပြောပါဘူး။ တပ်နဲ့ ပတ် သက်တာတွေလည်းပါတယ်။ ပြည်သူက ဘာပြောရင် ဘာလုပ်ပါမယ်၊ ဘာတွေညာတွေနဲ့။ အဲ့ဒါတွေပဲ။ ကျွန်တော်တို့ အရင်တုန်းက အင်တာဗျူးတွေမှာ အဲ့ဒါမျိုးတွေမပါပါဘူး။ ကိုယ်မပြောတဲ့ဟာတွေကို ပြောတယ် ဆိုပြီး ပြည်သူလူထုကို သတင်းအမှန်ပြောထားတဲ့ဟာနဲ့ လွဲပြီးပြောနေတဲ့ဟာတွေကို ကျွန်တော်တို့ ဘယ်လို သည်းခံလို့ရမလဲ။ အဲ့ဒီအချိန်ကျရင် ဘယ်လို လုပ်သင့်လဲ။ ဥပဒေတွေကတော့ ရှိပါတယ်။ ရှိတဲ့ ဥပဒေနဲ့ပဲ ပြောရတော့မှာပေါ့နော်”ဟု သရုပ်ဆောင် ဝေဠုကျော်၏ ဖခင် ဦးစိုးသိမ်းက ပြောသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ ဝေဠုကျော်ဖောင်ဒေးရှင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် “ ပြည်သူတွေ တောင်းဆို လာမည်ဆိုပါက နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ရန် အခက်အခဲမရှိကြောင်း ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် မှ ဖွင့်ဟ ဆိုသည့် ခေါင်းစီးဖြင့် ပျံ့နှံ့နေသော အင်တာဗျူးစာသားများမှာ ကျွန်တော် ဝေဠုကျော် ပြောဆို ထားခြင်း မရှိသော အကြောင်းအရာများဖြစ်ပါသည်” ဟု ပြန်လည် ဖြေရှင်းထား သည်။ 

ထို့ပြင် “မူရင်းတင်ထားသူရော ထပ်ဆင့်ရှယ်ထားကြသူများကို ဒီအောက်ဖော်ပြပါသတင်းအင်တာဗျူး အတု အား ထပ်မံမရှယ်ကြဖို့နှင့် အစစ်အမှန်မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းပေးကြပါရန် အနူးအညွတ် တောင်းဆို အပ်ပါသည်။ 

ယခုမမှန်မကန် ရေးသားသောအင်တာဗျူး သတင်းများအတွက်လည်း တရားဥပဒေနဲ့အညီ ဖြေရှင်းသွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်” ဟု ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကိုယ်တိုင်က ပြန်လည်ဖြေရှင်းထား သည်။


mizzima

0 comments:

Post a Comment