Sunday, September 30, 2018

အင်ဒိုနီးရှားမှာ ဆူနာမီအပြီး တွေ့ရတဲ့ ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ


အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က အင်အားပြင်း ငလျင်တစ်ခုလှုပ်ပြီး နောက်ဆက်တွဲဖြစ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ယနေ့ စက်တင်ဘာ ၃၀ ရက်မှာတော့ ၄၂၀ အထိ ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ 
ယင်း သဘာဝဘေးဒုက္ခဆိုးကြီး ကြုံတွေ့အပြီးမှာတော့ နိုင်ငံမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ယင်းကျွန်းပေါ်ရှိ ထိတ်လန့်တုန်လှုပ်နေခဲ့ကြရတဲ့ ဒေသခံတွေဟာ အစားအသောက်နဲ့ ရေ အလျင်မီအောင် ရဖို့ ခက်ခဲနေလျက်ရှိပြီး ခိုးဝှက်လုယက်မှုတွေလည်း ပြန့်နှံ့ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

အဆောက်အအုံတွေ ပျက်စီးသွားတာ၊ လမ်းတွေ အက်ကွဲသွားတာ၊ ကားတွေ ပိမိပြားကပ်သွားတာတွေကို မြင်တွေ့ထားခဲ့ရပါတယ်။ 

လက်ရှိအခြေအနေတွေအရ သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်သေးကြောင်းလည်းအင်ဒိုနီးရှား ဒုသမ္မတ Jusuf Kalla က ပြောပါတယ်။ 

အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၅၄၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။ လူဦးရေ သုံးသိန်းခွဲနီးပါး နေထိုင်ရာ ပါလူမြို့မှာဆိုရင် တစ်မီတာခွဲ အမြင့်ရှိ ရေလှိုင်းတွေ ဖုံးလွှမ်းရိုက်ခတ်တဲ့ ဆူနာမီဖြစ်ပေါ်ပြီး နောက်တစ်ရက်မှာ ကမ်းခြေနဲ့ အနီးတစ်ဝိုက် မြေပြင်တွေမှာ ရုပ်အလောင်းတွေ ပြန့်ကျဲနေတာကို စိတ်မကောင်းစဖွယ် မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မဇ္ဈိမ

0 comments:

Post a Comment